ကလေးသူငယ်များနှင့် စာဖတ်စွမ်းရည် မြင့်မားရေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, December 7, 2017

ကလေးသူငယ်များနှင့် စာဖတ်စွမ်းရည် မြင့်မားရေး



စိုင်းကျော်မောင်
.
ကမ္ဘာလောကကြီး တစ်ခုလုံးတွင် သာယာ လှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျ ဆုံးသော သက်ရှိ လူသားသည်ကား လူငယ်လူရွယ်များပင် ဖြစ်ကြသည်။ လူငယ်လူရွယ်တို့သည် ငယ်ရွယ်စဉ်ကာလမှ စတင်၍ အသိပညာများ အတတ်ပညာများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အထွေ ထွေဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာနေ ကြရမည် ဖြစ်သည်။ သို့မှသာ မိမိတို့သည် လူ လားမြောက်ကာ အရွယ်ရောက်လာသည်နှင့် မိမိ အတွက်သော်  လည်းကောင်း၊ မိသားစုအတွက် သော်လည်းကောင်း၊ နိုင်ငံတော်နှင့် လူမျိုးအတွက် သော်လည်းကောင်း ကောင်းမွန်စွာ အကျိုးပြုသည့် လုပ်ငန်းဆောင်တာများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။
.
.
''ယနေ့လူငယ်၊ နောင်ဝယ်လူကြီး''ဟူသည့် ဆောင်ပုဒ်အတိုင်းပင် နိုင်ငံတော်နှင့် လူမျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ထွန်းစေနိုင်ရေး အတွက် မိဘဆရာများက မှန်ကန်သည့်လမ်း ကြောင်းပေါ်မှနေ၍ လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်သည်။ ဂျာမနီစာဆိုရှင် Jess Lair မှ Children are not things to be moulded but people to be unfoloded  ကလေးများသည် ပုံသွင်းရန်မဟုတ် ပွင့်လန်းရှင်သန်လာစေရန် ပြုစု ပျိုးထောင် ပေးရမည့် လူသားများဖြစ်သည် ဟူ၍ ပြဆိုထားပေသည်။ မှန်ပေသည်။ ကလေးများအား မိဘဆရာသမားများမှ မိမိတို့ဖြစ်လိုသည့် ဆန္ဒအတိုင်း ပုံသွင်း၍လေ့ကျင့်သင်ကြားပေး၍ မရနိုင် ချေ။ ကလေးသူငယ်များ၏ ဖြစ်လိုသည့်အလိုဆန္ဒ ကို လေ့လာကာ ယင်းတို့ဖြစ်ထွန်းလိုသည့် စိတ် အလိုအတိုင်း လေ့ကျင့်ပေးရန် လိုအပ်လှပေသည်။ သို့မှသာ ယင်းတို့ဘဝသည် စိတ်ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် လျှောက်လှမ်းနိုင်ကြမည် ဖြစ်ပေသည်။ ကလေးငယ်များ ဘဝလမ်းတစ်လျှောက် စိတ် ကြည်လင်ရွှင်ပြစွာ လျှောက်လှမ်းနိုင်ကြစေရန် ငယ်ရွယ်စဉ်ကာလမှ စတင်၍စာပေများကို အချိန် ပေး၍ ဖတ်ရှုလေ့လာနေကြရမည် ဖြစ်သည်။
.
ကလေးငယ်တိုင်းသည် လွန်စွာမြန်ဆန်သော ကြီးမားသည့် အတုယူသမားများလည်း ဖြစ်သည်။ ထို့ကြောင့် ကလေးသူငယ်များ၏ မိဘတိုင်းသည် ကလေးငယ်များ အတုယူနိုင်မည့် စံပြများအဖြစ် နေပြကြရမည်ဖြစ်သည်။ ကလေးများသည် မိမိ ၏ မိခင်သည်လည်းကောင်း၊ ဖခင်သည်လည်း ကောင်း၊ ဆရာသမားများသည်လည်းကောင်း စာပေဖတ်ရှုလေ့လာသူများဖြစ်ကြောင်း၊ စာအုပ် စာပေများကို မွေ့လျော်နှစ်သက်ကြောင်း ထင်မြင် ယူဆလာနိုင်စေရန် နေပြတတ်ရန် လိုအပ်လှ သည်။ ကလေးသူငယ်များအား မိမိနှင့်အတူတကွ စာအုပ်များ လိုက်ဖတ်နိုင်စေရန် အစဉ်အမြဲတိုက် တွန်းနေရမည်ဖြစ်သည်။ ထို့ပြင် အသံနေ အသံ ထားဖြင့် ရွတ်ဖတ်ရသည့် ကဗျာ၊ လင်္ကာများ၊ သီချင်းများ စသည်တို့ကို အတူတကွ ရွတ်ဆိုခြင်း၊ သီဆိုခြင်းဖြင့် ကလေးသူငယ်များ စာဖတ်ရှုမှု များ ပြားလာအောင် အသိပညာဗဟုသုတတို့ တိုးများ လာအောင် မကောင်းမှုဒုစရိုက်များကို ရွံရှာကာ ကျူးလွန်လိုစိတ်လည်း ကင်းပသွားမည်ဖြစ်ပေသည်။
.
ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး ကြံ့ခိုင်ဖွံ့ဖြိုးစေရန် အစာအဟာရ စားသုံးပေးရသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် စာပေအဟာရသည် အထူးလိုအပ်လှပေသည်။ ကလေးသူငယ်များ စာဖတ်စွမ်းရည် မြင့်တက်လာစေနိုင်ရန် မိဘဆရာသမားက အစဉ်အမြဲဂရုစိုက်ကာ လေ့လာနေရမည်ဖြစ်သည်။ ကလေးများ စာဖတ်စွမ်းမြင့်မားလာစေရန်လည်း အတင်းအကြပ်စေခိုင်း၍လည်း မရနိုင်ပေ။ စာဖတ်လိုစိတ် ပြင်းပြလာစေရန် မိဘ  ဆရာသမားများက မသိမသာဖြင့် တဖြည်းဖြည်း ချင်း နိုးဆော်ပေးရမည်ဖြစ်သည်။ ကလေးငယ် များ ကြိုက်နှစ်သက်သော ရုပ်ပြကာတွန်းများ၊ ရုပ်ပြောင်များကို တဖြည်းဖြည်းချင်း ပေးဖတ်ကာ လေ့လာစေခြင်းဖြင့် သိမ်းသွင်းရမည်ဖြစ်သည်။
.
ကလေးငယ်များကို စာဖတ်စေပြီး မိဘဆရာ သမားများမှ ယခုအခါမှသာ သိရကြားရဖူးသည့် ပုံသဏ္ဍာန် အနေအထားဖြင့် စိတ်ဝင်စားမှု အပြည့် ဖြင့်နားထောင်ပေးခြင်းသည်လည်း ကလေးငယ် ၏ စာဖတ်ရှိန် မြင့်မားလာကာ စိတ်ပျော်ရွှင်မှုကို ရရှိစေနိုင်သည်။ ကလေးသူငယ်များ၏ ကြိုးစား ပမ်းစား ဖတ်ပြသည်ကို မိဘများက ယင်းတို့၏ ခေါင်း (သို့မဟုတ်) ကျောလေးများကို ပွတ်သပ်ပေးကာ အားပေးခြင်း၊ ချီးမွမ်းမြှောက်စားပေးခြင်း၊ (ဥပမာ-ကလေးက ကြိုးစားလိုက်တာ၊ သားက သိပ်တော်တာပဲ၊ သမီးလေးက သိပ်ထူးချွန်တာပဲ၊ စာဖတ်နော်။ အတန်းထဲမှာ A ရအောင်လုပ်နော် စသည်ဖြင့် မိဘဆရာသမားများ၏ ချီးမွမ်းသံသည် ကလေးသူငယ်များကို စိတ်ဓာတ်တက်ကြွသည့် စာပေဖတ်ရှုသူ စာသမားကောင်း ပေသမားမှန် များ ဖြစ်လာရန် တိုက်တွန်းနိုးဆော်ရာရောက်မည် ဖြစ်သည်။
.
နေထိုင်ရင်းဖြင့် ကလေးသူငယ်များအား စာဖတ် နိုင်ရန် နည်းလမ်း (၁ဝ) ချက်
.
မိနှင့်ဖတို့သည် မိမိတို့၏ မိသားစုအတွက် စီးပွားရေး၊ စားဝတ်နေရေးတို့အတွက် နေ့စဉ်နှင့် အမျှ လှုပ်ရှားရုန်းကန် နေရသဖြင့် ကလေးများအတွက် အချိန်ပေးကာ စာအတူထိုင်ဖတ်နိုင်ရန် အချိန်မပေးနိုင်ကြောင်း စောဒက  တက်ကြမည်ကား မလွဲချေ။ သို့ပါသော်လည်း အချိန်ပေးနိုင်သည့် နည်းလမ်း ၁ဝ ချက်ရှိသည်။ မိမိ၏ လုပ်ကိုင်နေ ကြ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရင်း ကလေးများနှင့် အတူစာဖတ်နိုင်သည့် နည်းလမ်း များရှိနေသည်ကို စာရေးသူလေ့လာထားသရွေ့ ဝေမျှလိုပေသည်။
.
၁။ အစာသည် ဦးနှောက်တစ်ခု
.
မိမိတို့ နေ့စဉ်နှင့်အမျှ သုံးစွဲလျက်ရှိသည့် အစာထုပ်များ၊ ဘူးများ၊ အချိုအချဉ်ထုပ်များ၊ အအေးပုလင်းများပေါ်မှ စက္ကူပတ်များ၊ တံဆိပ် အမှတ်အသားများ၏ စကားလုံးများအားလုံးသည် စားရင်းသောက်ရင်း ကလေးများကို ဖတ်ပြခြင်း၊ ဖတ်စေခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ သို့မဟုတ် ''ဒီစာကြောင်းလေးကို မဖတ်တတ်လို့ ဖတ်ပြဦး'' ဟု ကလေးငယ်ကို ဆရာတင်ခြင်းသည်လည်း ထူးခြားသော တွန်းအားတစ်မျိုး ဖြစ်ပေသည်။
.
၂။ စာလုံးများ၏ ကမ္ဘာ
.
လမ်းမပေါ်ရှိ ကြော်ငြာဆိုင်းဘုတ်ကြီးများ၊ လမ်းမပေါ်မှ လမ်းသင်္ကေတများ၊ လမ်းအမည်များ၊ ဈေး၊ ဆေးရုံ၊ ကျောင်း၊ ရုံးများရှိ ဆိုင်းဘုတ်များ၊ ဈေးဝယ်လမ်းညွှန်များ သင်္ကေတအမှတ်အသား များသည် ကလေးများကို စာဖတ်စွမ်းရည်တိုးတက် စေရန် ပြသထားသော စာလုံးများ၊ စာပေများပင် ဖြစ်သည်။ အချိန်နှင့်အမျှ လှုပ်ရှားရုန်းကန်နေရ သော မိဘများသည် မိမိတို့၏ရင်သွေးများကို လမ်းသွားရင်းဖြင့် ပတ်ဝန်းကျင်ရှိ စာလုံးများကို အကူအညီပေးရင်း ဖတ်ရှုစေနိုင်ပါသည်။ ထိုလမ်း ညွှန်ချက်သည် မိမိတို့အတွက် မည်မျှအရေးပါ ကြောင်း အရေးကြီးကြောင်းကို ကလေးသူငယ်တို့ အား ငယ်ရွယ်စဉ်ကာလမှပင် သိရှိနားလည်စေ သည်။ ဥပမာ ကျားမအရ အိမ်ရွေးချယ်ခြင်း မိမိ စားသုံးလိုသည့် အစားအစာများကို မိမိတို့ကိုယ် တိုင် ရှာဖွေတတ်သည့် အလေ့အကျင့်လည်း ရရှိ စေပါသည်။
.
၃။ သူငယ်ချင်းများထံ စာရေးဆက်သွယ်နည်း
.
မိခင်မှ ထမင်းဟင်းချက်နေစဉ် (သို့မဟုတ်) အဝတ်လျှော်နေစဉ် ကလေးကို သူငယ်ချင်းအ ပေါင်းအသင်းထံ စာရေးခိုင်းခြင်း (သို့မဟုတ်) တစ်ဦး တစ်ယောက်ထံမှ  ပေးပို့လာသည့်စာများ ကို မိမိအားဖတ်ပြစေခြင်း စသည့်အရာများကို မိဘများမှ မသိမသာဖြင့် ကလေးအတွက် စာ ဖတ်သည့် အလေ့အထ အကျင့်ကောင်းများကို ရရှိပိုင်ဆိုင်စေနိုင်သည်။
.
၎။ မိမိနှင့်အတူ ဟင်းချက်နည်းများ စာအုပ်ကိုင် ဖတ်စေခြင်း
.
မိခင်မှသော်လည်းကောင်း၊ ဖခင်မှသော် လည်းကောင်း မိသားစုအတွက် ချက်ပြုတ်ပြင် ဆင်နေစဉ် မိမိနှင့်အတူ ကလေးကို ချက်နည်း၊ ပြုတ်နည်း၊ အညွှန်းများကို ဖတ်ပြစေခြင်း၊ ကလေးငယ်ဖတ်ပြသည်ကို နားထောင်ပြီး ''ဆီ ဘယ်နှဇွန်း၊ ကြက်သွန်ဥ ဘယ်နှစ်ဥ''စသည်ဖြင့် ထပ်ခါထပ်ခါ ဖတ်စေခြင်း၊ ဟင်းတစ်မယ်စာ အ တွက် ဖတ်စေခြင်းဖြင့် ကလေးသည် စာလည်း ဖတ်ရှုရသကဲ့သို့ ဟင်းချက်နည်းလည်း မျက်မြင် ကိုယ်တွေ့အရ ချက်ပြုတ်သွားမည်ဖြစ်သည်။

.
၅။ အထူးမှတ်တမ်း စာအုပ်များ ထားပေးကာ ရေးမှတ်စေခြင်း
.
သတင်းစာ၊ ဂျာနယ်တို့မှ အထူးစိတ်ဝင်စား ဖွယ်ရာများကို စုဆောင်း၍ ဖြတ်၊ ညှပ်၊ ကပ်ခြင်း များကို အလေ့အကျင့် ပြုလုပ်ပေးရမည်. ကလေး ငယ်များနှင့်အတူ မိမိအကြိုက်၊ ကလေးအကြိုက် ရွေးရမည်ဖြစ်သည်။ ဖြတ်၊ညှပ်၊ကပ် လုပ်ရမည့် စာအုပ်ကြမ်း (သို့မဟုတ်) ဘုတ်ပြားပေါ်တွင် ကပ်၍လည်းရပါသည်။ ထို့ပြင် နွေရာသီဘုရားဖူး ထွက်ခြင်း၊ အတွေ့အကြုံ၊ ကြည့်ရှုပြီးသည့် ရုပ်ရှင်ကား ဖတ်ရှုပြီးသောစာအုပ်များကို စာရင်းပြုစု စေခြင်း စသည်တို့သည် စာဖတ်ဝါသနာမှသည် စာရေးဝါသနာသို့တိုင် ရောက်ရှိလာမည်ဖြစ် သည်။ ကလေးသူငယ်များ၏ စာရေးလိုစိတ်များ ကိုလည်း မိဘများက အားပေးအားမြှောက်ပြုရ မည်။
.
၆။ အဖြူအမည်း စာပေအားဖတ်ရှုစေခြင်း
.
အဖြူအမည်းစာပေဟု ခေါ်ဆိုသတ်မှတ်သည့် သတင်းစာများကို ဖခင်နှင့်အတူ သော် လည်းကောင်း၊ မိခင်နှင့်အတူသော်လည်းကောင်း၊ အတူဖတ်ပါစေ။ အထူးသဖြင့် ကလေးကဏ္ဍနှင့် ကာတွန်းရုပ်ပြောင်များကို စိတ်ဝင်စားတတ်ပါသည်။ ကလေးကြိုက်သည့် ကာတွန်းရုပ်ပြောင် များကို ဖြတ်ညှပ်၍ စာအုပ်တစ်အုပ်တွင် ကော် ကပ်ပေး၍ ဆုတောင်းပေးရမည်ဖြစ်သည်။ ယင်း ဖြတ်ညှပ် ကပ်ထားသည့် စာအုပ်အား အခြားအ ခြားသော သူငယ်ချင်းအပေါင်းအသင်းများအား ပေးဖတ်စေပြီး ဂုဏ်ယူဝင့်ကြGား တတ်စေရန် ဖန်တီးပေးရမည်ဖြစ်သည်။
.
၇။ ဆုမွန်တောင်း ကဒ်ပြားများကို ကိုယ်တိုင်  ကိုယ်ကျပြုလုပ်စေခြင်း။
.
မိသားစုဝင်များအတွက် သော်လည်းကောင်း၊  သူငယ်ချင်းများအတွက် သော်လည်းကောင်း၊ မွေးနေ့ဆုတောင်း ကဒ်များ၊ နှစ်သစ်နှင့်ရာသီအ  လိုက် အခါသမယအလိုက် ဆုတောင်းကဒ်လေး များကိုလည်းကောင်း ပုံများရေးဆွဲစေခြင်းများ စ သည်ဖြင့် အားလပ်ချိန်များတွင် မိခင်ဖခင် အစ် ကို၊ အစ်မ၊ အဘိုးအဘွားများက ကူညီ၍ ကိုယ် ပိုင်လုပ်ခြင်း၊ ရွေးစေခြင်းဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။
.
၈။ မှတ်တမ်းမှတ်ရာ ရှိစေခြင်း
.
ကလေးတို့၏ ကိုယ်အလေးချိန်မှတ်တမ်း၊ စာမေးပွဲမှတ်တမ်း၊ ဖွံ့ဖြိုးရေးနှင့် အားကစားတို့ တွင် ဆုရမှတ်တမ်းများကို ထားရှိပေးခြင်းဖြင့် က လေးက ဆက်လက်၍ မှတ်တမ်းတင်သွားတတ် မည်ဖြစ်ပါသည်။ မှတ်တမ်းမှတ်ရာ ပြုစုတတ်စေ ရန် မိဘများက အစပြုပေးပြီး နောင်ကာလတွင် ကလေးများ ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတင် တတ်သည့် အလေ့အကျင့်ရရှိသွားမည် ဖြစ် သည်။ မိဘများက မိမိတို့သား သမီးများ၏ ပြုလုပ်ထားသော မှတ်တမ်းမှတ်ရာများကို အသိအမှတ်ပြုကာ လေးစားဂုဏ်ယူတတ်ရမည်ဖြစ်သည်။
.
၉။ စာတိုက်မှ  စာပေးပို့ခြင်း
 .
ကလေးတို့သည် ယင်းတို့ကြိုက်နှစ်သက် သည့် ပုံပြင်ဝတ္ထု၊ ကာတွန်း၊ ကဗျာစသည်တို့ကို ပြုစုရေးသားပေးသော စာရေးဆရာ၊ ပန်းချီဆရာ၊ ကဗျာဆရာများကို ကြည်ညိုလေးစားတတ်ကြစ မြဲဖြစ်သည်။ ထိုဆရာကြီးများထံသို့ စာရေး၍ မိတ်ဆက်ရခြင်း၊ ချီးမွမ်းရခြင်းများကို ပျော်ရွှင်နှစ် သက်တတ်ကြသည်။ ထိုစာရေးဆရာကြီး ဆရာမ ကြီးများထံသို့ စာရေးဆက်သွယ်လိုပါက မိဘများ မှ စိတ်ရှည်စွာ ကူညီဆောင်ရွက်ပေးရမည် ဖြစ် သည်။ ထိုစာများကို မိဘများက သူတို့နှင့်အတူ တကွ စာတိုက်သို့သွားရောက်ကာ ထည့်ပေးခြင်း  ဖြင့် ကူညီရမည်ဖြစ်သည်။
.
၁ဝ။ ကလေးသူငယ်များ၏ ဆန္ဒများကို ရေးသား တင်ပြစေခြင်း
.
သားငယ် သမီးငယ်များ၏ လိုအင်ဆန္ဒများ ကို စာရွက်တွင်သော်လည်းကောင်း၊ ဘုတ်ပေါ်တွင် သော်လည်းကောင်း စာရင်းပြုစုကာ ရေးသားစေ ခြင်းဖြင့် ယင်းတို့၏ လိုအင်ဆန္ဒများကို စာသား များရေးသားစေခြင်းဖြင့် စာတတ်မြောက်မှုကို အ ထောက်အကူပြုစေပါသည်။
.
စာဖတ်ခြင်းတည်းဟူသော ရသအရသာကို ကလေးငယ်များ ခံစားဖမ်းယူကာ မွေ့လျော်တတ် စေရန် မိဘများအနေဖြင့် မိမိ၏ လုပ်ငန်းဆောင် တာများကို လုပ်ကိုင်ရင်း၊ နေထိုင်ရင်းဖြင့် အထက် ပါအတိုင်း ကူညီပံ့ပိုးသွားစေနိုင်သကဲ့သို့ အားလပ် ရက်များတွင် ဗီဒီယိုကြည့်ရှုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း ဖြင့် နေကြရမည့်အစား အစားအသောက်များ ထုတ်ပိုး၍ မိသားစုပျော်ပွဲစားထွက်လည်း ဖြစ်သ ကဲ့သို့ ကစားရန် ပစ္စည်းပစ္စယများ၊ ဖတ်ရှုလေ့ လာရန် စာအုပ်စာပေများကို ထည့်သွင်းသယ် ဆောင်ကာ စားသောက်ပြီးသည်နှင့် စာဖတ်ခြင်း၊ ကစားခြင်းများ ပြုလုပ်ပေးခြင်းဖြင့် မိသားစုအား လုံး စိတ်လက်ကြည်လင် ရွှင်ပြကာစိတ်တည်ငြိမ် လာခြင်းကို ရရှိပိုင်ဆိုင်စေနိုင်ပါသည်။ အရိပ် ကောင်းရရှိသည့် သစ်ပင်ရိပ်အောက်တွင် စာအုပ် များဖြင့် စာပေအရသာကို ခံစားကြည့်နိုင်မည်ဖြစ် သည်။ မိဘမှ လုပ်လျှင် မိခင်ဖခင်အားကြည့်၍ အတုခိုးတတ်သော ကလေးငယ်တို့သည်လည်း ယင်းတို့နှင့် ဆိုင်ရာဆိုင်ရာ ပုံပြင်၊ ရုပ်ပြ၊ ကာတွန်း များကို ဖတ်ရှုကြမည်ဖြစ်သည်။
.
ယခုအခါ တောင်ကြီးမြို့တော် ဗိုလ်ချုပ် အောင်ဆန်းပန်းခြံအတွင်းတွင် အခမဲ့ ဖတ်ရှုနိုင် သည့် စာဖတ်ခန်း ဖွင့်လှစ်ထားသည်မှ တစ်နှစ် နီးပါးရှိပြီ ဖြစ်ပါသည်။ ယင်းစာဖတ်ခန်းသို့ ကလေး၊ လူကြီး လူငယ်များသည် အရွယ်မရွေး၊ လာရောက်ဖတ်ရှုသည်ကို စာရေးသူမှ တွေ့ရှိရ၍ အနာဂတ်အတွက် လွန်စွာပီတိဖြာဝေရပါသည်။ ယင်းစာဖတ်ခန်းသို့ မည်သူမဆို စာပေနှင့်ပတ် သက်၍ လာရောက်လှူဒါန်းနိုင်ပါကြောင်း သ တင်းကောင်း ပါးအပ်ပါသည်။
.
စာကြည့်ခန်းတွင် လာမည့် ၂ဝ၁၇ ခုနှစ်၊ဒီ ဇင်ဘာလမှစ၍ ၂ဝ၁၈ ခုမေလကုန်ထိ တနင်္ဂ  နေ့တိုင်း မွန်းလွဲပိုင်းတွင် စာရေးဆရာကြီး၊ ဆရာ မကြီးများမှ ဦးဆောင်၍ စာပေဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မည်သူမဆို ဝင်ရောက်၍ ဆွေးနွေးနိုင်မည်ဖြစ်သည်။
.
ထို့ကြောင့် မိမိတို့၏ ကလေးများကို ပြည်သူ့ စာကြည့်တိုက်များ ရပ်ကွက်စာကြည့်တိုက်များသို့ ဦးဆောင်၍ ခေါ်ဆောင်သွားကာ အားလပ်ချိန်အား အကျိုးရှိစွာဖြင့် စာပေ၌ မွေ့လျော်ကာ စာဖတ် ခြင်း၊ စာရေးခြင်းဟူသော အမွေအနှစ်ကောင်းများ ကို စွဲမြဲသွားစေရန် လုပ်ဆောင်ပေးနိုင်မည်ဖြစ် ပေသည်။ ယခုအခါတွင် ရွေ့လျားစာကြည့်တိုက် များလည်း ပေါ်ပေါက်လာပြီဖြစ်၍ မိမိကလေးများ ကို ပို့ပေးခြင်း၊ ငှားပေးခြင်း၊ ပြန်အပ်ပေးခြင်းဖြင့် အလေ့အကျင့်ကောင်းများကို တတ်ကျွမ်းသွား မည်ဖြစ်သည်။
.
ယနေ့ကမ္ဘာကြီးသည်ကား IT ခေတ်ကြီးဖြစ် ၍ လွန်စွာရှုပ်ထွေးသော စက်မှုကမ္ဘာကြီးဖြစ်နေ သဖြင့် ပြွတ်သိပ်နေသည့် မွန်းကြပ်နေသော လောကကြီးထဲတွင် စာအုပ်စာပေသည် သာသာ ယာယာလှပသော၊ ညီညာပြေပြစ်သော၊ တိတ် ဆိတ်ငြိမ်သက်၍ စိတ်ချမ်းသာ သာယာစေသော၊ ပံ့ပိုးစေနိုင်သည့် အရာဝတ္ထုအဖြစ် တည်ရှိကာကျန် နေပါသည်။ ရင်သွေးငယ်များ စာဖတ်ခြင်းဖြင့် တည်တည်ငြိမ်ငြိမ် အတွေးအခေါ်မှန်ကန်စွာဖြင့် ရင့်ကျက်မွေ့လျော်တတ်စေရန် အထက်ပါ အ ချက်အလက် ၁ဝ ချက်ကို လူကြီးမိဘအများက လိုက်နာကျင့်သုံးကာ ကလေးသူငယ်များကို ပံ့ပိုး ကူညီပေးနိုင်ပါသည်။
.
ကမ္ဘာပေါ်တွင် မြန်မာဟူသော ကိုယ်ပိုင်စာ ပေ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုများ မပျောက်မပျက် အစဉ်တည်တံ့ခိုင်မြဲနေစေရန် မိမိ တို့ရင်သွေးငယ်လေးများအား လက်ဆင့်ကမ်း ကာ အမွေပေးခဲ့ကြရမည် ဖြစ်သည်။ ထို့ပြင် နိုင် ငံတော်အတွင်း လှည်းနေလှေအောင်း မြင်းဇောင်း မကျန် စာပေတတ်မှ စကားပြောလည်းကျွမ်း အ ရေးအသားလည်းကျွမ်းကာ တိုင်းရင်းသားအချင်း ချင်း ဆက်သွယ်ရာ၌ နားလည်မှုအပြည့်ဖြင့် နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ  ရေးတို့တွင် ဆက်သွယ်မှုသည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ကလေးသူငယ် များအတွက်လည်း မူးယစ်ဆေးဝါးအား ရွံမုန်းလို  စိတ်များ ဝင်ရောက်လာကာ ဆန့်ကျင်သွားမည် ဖြစ်ပေသည်။
.
ထို့နည်းတူစွာ ကမ္ဘာတွင် မြန်မာတို့ရင်ဘောင်တန်း လိုက်ပါနိုင်စေရန် နိုင်ငံတကာစာပေဟူ၍ ယခုအခါ သတ်မှတ်ထားသည့် အင်္ဂလိပ်စာပေ၊ အင်္ဂလိပ်စကားတို့ကိုလည်း မိမိတို့၏ ရင်သွေးငယ် များအား သင်ကြားပေးရန် အထူးလိုအပ်လှပါ သည်။ မြန်မာ့ရင်သွေးငယ်များအနေဖြင့် မိမိပိုင် စာပေ၊ ဆက်သွယ်ရာစာပေ၊ မိမိပိုင်စကား၊ နိုင်ငံ တကာစကားတို့ကို ကျွမ်းဝင်တတ်မြောက်ကာ ထူးချွန်ထက်မြက်စေနိုင်ရန်သည်ကား စာအုပ်စာ ပေသည်သာ ''တစ်''နံပါတ်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats