ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ကလောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ကိုယ်စားလှယ်၏ လယ်ယာမြေနှင့်ပတ်သက်သော အဆိုကို ဆွေးနွေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ကလောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ကိုယ်စားလှယ်၏ လယ်ယာမြေနှင့်ပတ်သက်သော အဆိုကို ဆွေးနွေးသွားမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ယနေ့ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
.
.
ယနေ့ အစည်းအဝေးတွင် အစည်းအဝေး တတိယနေ့က ကလောမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် တင်သွင်းသော လယ်ယာမြေနှင့်ပတ်သက်သည့် အဆိုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း အပါအ၀င် အဆို ၂ ဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၄ ခု မေးမြန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ယခင်ကခွင့်ပန်ကြားသူ ၁၅ ဦးနှင့် ယနေ့ခွင့်ပန်ကြားသူ ၂၀ ဦးရှိပြီး စုစုပေါင်း ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃၅ ရှိကြောင်း သိရသည်။ အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက်  စတုတ္ထနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၈  ဦးတက်ရောက်၍ ခွင့်ပန်ကြားသူ ၃၅ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၅.၅၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
.
အစည်းအဝေး စတုတ္ထနေ့တွင်  ကလောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးသန်းထိုက်၏ "၂၀၁၂ လဟ်ယာမြေဥပဒေအရ ထုတ်ပေးထားသော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်များကို မလိုက်နာခြင်း/ အိမ်ရာများ တိုးချဲ့ဆောက်လုပ်ခြင်းများပြားလာမှုကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှု မြင့်မားလာခြင်းများ ကြုံတွေ့နေရပြီး နိုင်ငံတော်မှ စိုက်ပျိုးကေဏ္ဍအတွက် သော်လည်းကောင်း/ တောင်သူကြီးများ၏ အကျိုးစီးပွားကို မျှော်ကိုးပြီး ရှမ်းပြည်နယ်အတွင်း ထုတ်ပေးထားသော လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) များကို ပြန်လည်စိစစ်ရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း" အဆိုနှင့် မိုင်းပျဉ်းမြို့နာ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစိုင်းလှဝင်း၏ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများအနက် အချို့သော လူမျိုးစုငယ်များအား လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် အစိုးရအဖွဲ့မှ ကူညီပံ့ပိုးစီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
..

ထို့အပြင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌမှ ကျန်းမာရေးနှင့် ပညာရေးမြှင့်တင်မှုကော်မတီအစား ပညာရေး/ ကျန်းမာရေးနှင့် အမျိုးသမီး/ကလေးဆိုင်ရာ မြှင့်တင်မှုကော်မတီအဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခြင်း/ ကော်မတီဝင်နှင့် ကော်မတီ၏ တာဝန်များ ထပ်မံဖြည့်စွက်ခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats