တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသော အိမ်စီးမော်တော်ယာဉ်ပေါ်မှ တရားမဝင်အေးခဲ အသားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသော အိမ်စီးမော်တော်ယာဉ်ပေါ်မှ တရားမဝင်အေးခဲ အသားများ ဖမ်းဆီးရမိ

ထက်တိုင်းကျော် (မြစ်မခ)၊ က​မ္ဘောဇတိုင်း



ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့မောင်းနှင်လာသော အိမ်စီးမော်တော်ယာဉ်တစ်စီး ပေါ်မှ တရားမဝင်အေးခဲအသားများကို ကျိုင်းတုံမြို့အဝင်ရှိ နောင်နွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဇူလိုင် ၄ ရက်၊ ညနေ(၃)နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သတင်းပေးတိုင်ကြားသူက မော်တော်ယာဉ်အမျိုးအစားနဲ့ကားနံပါတ်ကိုပေးပြီး တိုင်ကြားခဲ့ပါတယ်။ ကျွန်တော် တို့ တားဆီးစစ်ဆေးတော့လည်း တရားဝင်တင်သွင်းခွင့်အထောက်အထား စာရွက်စာတမ်းတွေလည်း မပါရှိလို့ စားသုံးသူအငြင်းပွားမှုဖြေရင်းရေးကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ ကားပေါ်မှာတင်ဆောင်လာတဲ့ အေးခဲအသားတွေ ကို သိမ်းဆည်းဖျက်ဆီးမှာဖြစ်ပါတယ်။”ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးကော်မတီမှ မြေပြင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးသန်းစိုးက ပြောသည်။



ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကုန်းကျောင်းရပ်၊ အမှတ်(၇)နေ ယာဉ်မောင်း စိုင်းတီ (၅၂)နှစ် မောင်းနှင်လာ သော Honda Fit အမျိုးအစားယာဉ်နောက်ခန်းတွင် ကြက်အသည်း အမြစ်၊ ကြက်သားများထည့်ထားသော စက္ကူဖာ(၄၉)ခု၊ ခန့်မှန်းအလေးချိန်(၅၂၀)ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ဇူလိုင် ၁ ရက်ကလည်း တာချီလိတ်ဘက်မှမောင်းနှင်လာသော VIGO အိမ်စီးကားတစ်စီး ပေါ်မှ ကာလတန်ဖိုးကျပ်(၂၈)သိန်းကျော်ရှိ ကြက်တောင်ပံ(ကြီး၊ လတ်၊ သေး)နှင့် ကြက်ပေါင်၊ ကြက်ရင်သား၊ ကြက် ကောင်၊ ကြက်အကြော၊ ကြက်မြစ်တို့မှာ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဇူလိုင် ၂ ရက်တွင် မီးရှို့၊ မြေမြုပ်၍ ဖျက်ဆီးခဲ့ရကြောင်း သိရသည်။

ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးကော်မတီသည် တရားမဝင်အေးခဲအသားမျိုးစုံအား တင်သွင်း ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ချိရောင်းချခြင်းနှင့် စားသုံးခြင်းမပြုကြရန်အတွက် အသိပညာပေးနှိုးဆော်ထားပြီး အ ဆိုပါ တရားမဝင်အေးခဲအသားများတွင် တာရှည်ခံစေရန် ဖော်မလင်ဓာတုဆေးဝါးများ သုံးစွဲထားခြင်းကြောင့် အ စားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ခွင့်ပြုထားခြင်းမရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ကျိုင်းတုံမြို့နယ်အတွင်းသို့ တရားမဝင်အေးခဲအသားမျိုးစုံအား ပြင်ပဒေသများမှ တရားမဝင်တင်သွင်း လာခြင်းနှင့် မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တရားမဝင်သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း များကို သတင်းပေးတိုင်ကြားပါက ကျိုင်းတုံခရိုင် စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေး ​ကော်မတီက အရေးယူ ​ဆောင်ရွက်သွားမည်ဖြစ်သည်။

Journal Download

Photo of three cats