စစ်ဘေးရှောင်များ နေရပ်ပြန်ပြီ ဖြစ်သဖြင့် လားရှိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

စစ်ဘေးရှောင်များ နေရပ်ပြန်ပြီ ဖြစ်သဖြင့် လားရှိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းမည်



ခန့်လင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်ပြီ ဖြစ်သဖြင့်  ဒုက္ခသည်စခန်းများ အားလုံးကို ပိတ်သိမ်းတော့မည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထူးက ဇူလိုင် ၁၂ ရက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 
.
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်
.
လားရှိုးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများနှင့်ပတ်သက်၍ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်းသည့် "ပြည်တွင်းစစ်ဘေးသင့် ပြည်သူတွေအတွက် သစ်တောကြိုးဝိုင်းတွင် ခေတ္တနေထိုင် နိုင်ရေးနှင့် ရေရှည်အသက်ရှင်ရပ်တည်နိုင်ရေး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန်နှင့် လူသားဘဝလုံခြုံရေး အတွက် မူဝါဒ ချမှတ်ဆောင်ရွက်မှု" မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထူးက "လားရှိုးသာသနာ့နယ်မြေ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ နမ့်ဆန်ဘုန်းတော်ကြီးကျောင်း၊ လင်းခင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နောဖို့ကျေးရွာအုပ်စု လွင်နန့်ရွာ ဘုန်းတော်ကြီးကျောင်းများကို ရောက်ရှိလာသည့် စစ်ဘေးရှောင် ၄၂၆ ဦးရှိကြောင်း၊ ၄င်းတို့မှာ နေရပ်ကို ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း၊ လာရှိုးမြို့နယ်အတွင်း တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းများကိုလည်း အားလုံးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း" ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
.
စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆက်လက်ပြောကြားခဲ့သည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats