လားရှိုးမြို့ အိမ်ခြံမြေဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်ခြင်းကြောင့် အရောင်းအဝယ်အေးပြီး အငှားဈေးကွက် ကောင်းမွန်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ အိမ်ခြံမြေဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်ခြင်းကြောင့် အရောင်းအဝယ်အေးပြီး အငှားဈေးကွက် ကောင်းမွန်နေ








နောင် (မြစ်မခ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အိမ်ခြံမြေ ဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် မြေ အရောင်းအဝယ် အေးနေပြီး အငှား ဈေးကွက် ကောင်းမွန်နေကြောင်း လား ရှိုးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။
.
.
၂ဝ၁၆ ခုနှစ်တွင် အိမ်ခြံမြေ အ ရောင်းအဝယ်မှာ အနည်းငယ်ဖြစ်နေခဲ့ သော်လည်း ၂ဝ၁၇ ခုနှစ်တွင် နယ်မြေ မတည်ငြိမ်ခြင်းကြောင့် အရောင်း အဝယ်ကျဆင်းခဲ့ကြောင်း လားရှိုးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးတင်သန်းက  ပြောသည်။ 
.
''ဒီနှစ်မှာ တိုက်ပွဲတွေက ရှမ်းမြောက် ရဲ့ နေရာတော်တော်များများမှာ ဖြစ်နေ ကြတယ်။ တိုက်ပွဲရှောင်တွေက လားရှိုး ကို လာတာများတယ်။ တိုက်ပွဲတွေဖြစ် နေတော့ အဓိက တရုတ်လုပ်ငန်းရှင်တွေ အဝယ်မလိုက်လို့ အိမ်ခြံမြေ လုပ်ငန်း အေးသွားတာဖြစ်တယ်။ အိမ်ခန်းငှားတွေတော့ အဆင်ပြေတယ်လို့ကြားမိတယ်''ဟု   ဦးတင်သန်းက ပြောသည်။ 
.
တိုက်ပွဲဖြစ်ပွားရာ ဒေသများမှစစ်ဘေး ရှောင်လာသူ အများစုမှာ လားရှိုးမြို့တွင် အိမ်ငှား၍ လုပ်ကိုင်စားသောက် နေခြင်း ကြောင့် လားရှိုးအိမ်ငှားဈေးကွက် ကောင်း မွန်နေကြခြင်းဖြစ်ကြောင်း လားရှိုးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရ သည်။
.
''အိမ်ခြံမြေ အရောင်းအဝယ်က အေးသွားတယ်။ အိမ်ငှားနေတဲ့သူတွေ များလာတော့ အိမ်ငှားရှာပေးတဲ့သူတွေ အဆင်ပြေနေတယ်။ ဘယ်နှစ်လချုပ်ချုပ်၊ ပွဲစားက တစ်လစာရတယ်။ ဒီတော့ အဆင်ပြေတာပေါ့။ တိုက်ပွဲရှောင်လာတဲ့ သူအများစုကတော့ မပြန်ကြတော့ဘဲ ဒီမှာပဲ အိမ်ငှားပြီးနေကြတာများလာလို့ အိမ်ငှားတွေ အလုပ်ဖြစ်နေတာပါ'' ဟု လားရှိုးမြို့ရှိ အိမ်ငှားပွဲစား ဒေါ်အေးမေက ပြောသည်။
.
လားရှိုးမြို့ အနီးတဝိုက်ဒေသများမှ စစ်ဘေးရှောင်အများစုမှာ လားရှိုးမြို့သို့ ရောက်ရှိ၍ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်လာရာမှ အချိန်ကြာသောအခါ လားရှိုးမြို့တွင် တစ်လလျှင် ၅ သောင်း ကျပ်ဖြင့် အိမ်ငှား၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats