နောင်ချိုတွင် ထွက်ပြေးသည့် မော်တော်ယာဉ်အား သစ်တောဌာနမှ လိုက်လံဖမ်းဆီးစဉ် တရားမ၀င်သစ်များ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုတွင် ထွက်ပြေးသည့် မော်တော်ယာဉ်အား သစ်တောဌာနမှ လိုက်လံဖမ်းဆီးစဉ် တရားမ၀င်သစ်များ ဖမ်းဆီးရမိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း                      


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်၊ နံနက်အစောပိုင်းက သစ်တောဦးစီးအရာရှိနှင့် ၀န်ထမ်းများပါဝင်သောအဖွဲ့မှ  မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်စေရာ အဆိုပါယာဉ်မှာ ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တရားခံများနှင့်အတူ တရားမ၀င်သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။

“လက်ထောက်ညွှန်မှူးရဲ့ လမ်းညွှန်မှုနဲ့ သံသယရှိတဲ့ သစ်ခိုးလမ်းကြောင်းတွေကို လုံခြုံရေး ရယူပြီး စုဖွဲ့ဖမ်းဆီးတာပါ၊ အဖမ်းခံဘဲ မောင်းပြေးလို့ ပြည်ထောင်စုလမ်းမကြီးပေါ် ရောက်တဲ့အထိ လိုက်လံဖမ်းဆီးခဲ့ရပါတယ်“ဟု နောင်ချိုမြို့နယ် သစ်တောဦးစီးအရာရှိ ဦးအောင်သူ က ကမ္ဘောဇတိုင်းသို့ ပြောသည်။

ဆမ်ဆယ်၊ ဟိုခိုဘက်မှ မောင်းနှင်လာသည့် ၁၂-ဘီးတွဲကားယာဉ်အား ပူးပေါင်းအဖွဲ့မှ စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အစစ်ဆေးမခံဘဲ မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲတွင် ဖမ်းဆီးရမိခြင်းဖြစ်ကာ တရားခံများနှင့် ဖမ်းဆီးရမိသည့် ယာဉ်နှင့်သစ်များအား နောင်ချိုရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်ပေါ်တွင် ပိတောက်ဆိုဒ်စုံ ဓားရွေတုံး (၇၃)တုံး၊ စုစုပေါင်းသစ်တန်(၆.၈၉၁၄)တန် ပါရှိပြီး
ယာဉ်မောင်းဖြစ်သူ နောင်ချိုမြို့၊ ပတ်လမ်းရွာနေ မန်းပါဆပ်နှင့် ယာဉ်နောက်လိုက်ဖြစ်သူ နမ္မတူမြို့၊ ခိုဖိတ်ရွာနေ မျိုးလှအောင်တို့အား နောင်ချိုမြို့မရဲစခန်းမှ (ပ)၁၁၆/၂၀၁၇၊ ပပက ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

Journal Download

Photo of three cats