လားရှိုးမြို့ အဓိကလမ်းများပေါ်ရှိ ကျူးကျော်များကို ဖယ်ရှားသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ အဓိကလမ်းများပေါ်ရှိ ကျူးကျော်များကို ဖယ်ရှားသွားမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အဓိကလမ်းများဖြစ်သည့် လမ်းမတော် လမ်း၊ ဘူတာလမ်း၊ သိန္နီလမ်းများပေါ်၌ ကျူးကျော်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်း သက်သာဆိုင်များနှင့် ပုဂ္ဂလိကပိုင် ဈေး ဆိုင်ခန်းများကို ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။
.
.
''အဓိကကတော့ မိန်းလမ်းပေါ်မှာ ဝန်ထမ်းသက်သာဆိုင်တွေ ကျူးကျော် နေတာရှိတယ်။ တခြားပုဂ္ဂလိကဆိုင် တွေလည်း ကျူးတာရှိတယ်။ အဲဒါတွေ ကို သက်ဆိုင်ရာ လမ်းဦးစီးဌာန၊ လွှတ် တော်ကိုယ်စားလှယ်တွေ၊ ရပ်/ကျေးအုပ် ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လမ်း မြေပေါ်မှာ ကျူးနေတဲ့ ဆိုင်တွေနဲ့ပတ် သက်လို့ အချိန်ကာလတစ်ခုသတ်မှတ် ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်''ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာ နမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လားရှိုးမြို့၊ ရေစီးရေလာ ကောင်းမွန် ရေးနှင့် အဓိကလမ်းမကြီးများတွင် ကျုး ကျော်ဆိုင်များအား ရှမ်းပြည်နယ် စည်ပင် သာယာရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၊ ခရိုင်/ မြို့ နယ်စီမံခန့်ခွဲရေးကော်မတီ၊ ခရိုင်/မြို့နယ် လမ်းဦးစီးဌာန၊ ခရိုင်လယ်ယာမြေ စီမံ ခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ဇွန်လ ၁၆ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
လားရှိုးမြို့၊ အဓိကလမ်းများရှိ ကျူး ကျော်နေသည့် ဈေးဆိုင်များကို တချို့ တစ်ဝက် ရှင်းလင်းနေပြီး ကျန်ရှိနေသည့် လမ်းမများကိုလည်း ဆက်လက်ဖယ်ရှား သွားမည်ဖြစ်ကြောင်းသိသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats