ရှမ်းပြည်နယ်ရှိ လိုင်စင်ရ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် အခန်းများလုံလောက်စေရန် ထပ်မံတိုးချဲ့ဆောက်လုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ရှိ လိုင်စင်ရ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် အခန်းများလုံလောက်စေရန် ထပ်မံတိုးချဲ့ဆောက်လုပ်နေ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
လာမည့် ခရီးသွားရာသီအတွင်း အ ခန်းလုံလောက်မှုရှိစေရန် ရှမ်းပြည်နယ်အ တွင်းရှိ လိုင်စင်ရ ဟိုတယ်၊ တည်းခိုရိပ် သာများ တိုးချဲ့ဆောက်လုပ်လျက်ရှိ ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
.
.
၂ဝ၁၆ ခုနှစ်တွင် လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ၊ အခန်းများမှာ ရှမ်း ပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၈၃ လုံး၊ အခန်းပေါင်း ၉၁၄၁ ခန်း ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ထပ်မံတိုးချဲ့ဆောက်လုပ် ခဲ့သဖြင့် လက်ရှိတွင် ရှမ်းပြည်နယ်တစ်ခု လုံး၌ ဟိုတယ်နှင့် တည်းခိုခန်း၊ လုံးရေ ၃ဝ၆ လုံး၊ အခန်းပေါင်း ၉၇၉၆ ခန်းရှိကြောင်း သိရသည်။
.
၂ဝ၁၇ ခုနှစ်အတွင်း ဆောက်လုပ်ဆဲ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် အခန်းများမှာ ရှမ်းတောင်တွင် ၅၃ လုံး၊ ၁၄၅၆ ခန်း၊ ရှမ်းမြောက်တွင် ၈ လုံး၊ ၆၈၇ ခန်း၊ ရှမ်း အရှေ့တွင် ၄ လုံး၊ ၁၇၅ ခန်း၊ စုစုပေါင်း ၆၅ လုံးနှင့် အခန်းပေါင်း ၂၃၁၈ ခန်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ဟိုတယ်နှင့် တည်းခိုရိပ်သာ များတွင် ခန့်အပ်ထားသည့် ဝန်ထမ်းစာ ရင်းအရ ၂ဝ၁၆ ခုနှစ်တွင် ၆၄ဝ၇ ဦးသာ ရှိသော်လည်း ၂ဝ၁၇ ခုနှစ်၊ မေလတွင် ၆၉၂ဝ ဦး ဖြစ်သဖြင့် ဝန်ထမ်းဦးရေ ၅၁၃ ဦး တိုးမြင့်ခန့်အပ်နိုင်ခဲ့ ကြောင်း သိရသည်။
.
၂ဝ၁၆ ခုနှစ်အတွင်း ပြည်ပဧည့်ဝင် ရောက်မှုမှာ ရှမ်းတောင်တွင် ၂၅၂၇၅၈ ဦး ပြည်တွင်း ၄ဝဝ၁၆၁ ဦး၊ ရှမ်းမြောက်တွင် ပြည်ပ ၈၈၈၉၇ ဦး၊ ပြည်တွင်း ၈၈၅၆၄ ဦး၊ ရှမ်းအရှေ့တွင် ပြည်ပ ၈၁၉၂၉ ဦး၊ ပြည်တွင်း ၈၈၅၆၄ ဦးရှိခဲ့ရာ စုစုပေါင်း ပြည်ပဧည့် ၃၅၇၅၈၄ ဦးနှင့် ပြည်တွင်း ၁၅၅၄၃ဝဝ ဦးတို့ တည်းခိုခဲ့ကြကြောင်း သိရှိရသည်။ ၂ဝ၁၇ ခုနှစ်၊ မေလအထိ ပြည်ပဧည့်ဝင်ရောက်မှု ၁၈၇၈၇ဝ ဦးနှင့် ပြည်တွင်း ၂၇၄၅၆၄ ဦးရှိခဲ့သဖြင့် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ် (၂)နှစ်ရှိ ဇန်နဝါရီ လမှ မေလအထိ ခရီးသွားကာလချင်းနှိုင်း ယှဉ်မှုအရ ပြည်ပဧည့်ဝင်ရောက်မှု ၄၄၃၇၅ ဦး၊ ၃၁ ရာခိုင်နှုန်းတိုးတက်လာပြီး ပြည် တွင်းခရီးသွား ၃၁၈ဝ၄ ဦး ၁၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရှိရသည်။
.
''လာမယ့် ခရီးသွားကာလတွေအ တွက်နဲ့ အနာဂတ်မှာ တိုးတက်လာနိုင်မယ့် ပြည်တွင်း၊ ပြည်ပခရီးသည်တွေ အခန်းလုံ လောက်မှု၊ ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေ ရှိဖို့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ၊ အခန်းတွေ ထပ်မံ တည်ဆောက်လျက်ရှိပါတယ်။ နိုင် ငံတော်က အိမ်နီးချင်းခရီးသွားလုပ်ငန်း များလို လုပ်ဆောင်သွားနိုင်မယ်ဆိုရင် အခုရှိတဲ့ အခန်းတွေတောင် မလုံလောက် နိုင်ပါဘူး ဒါကြောင့် ထပ်မံလိုအပ်နိုင်ပါ တယ်''ဟု တောင်ကြီးရှိ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဆိုသည်။
.
၂ဝ၁၇ ခုနှစ် မေလအထိ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမှ တစ်နှစ်လျှင် ပြည်ပ ဧည့်ဝင်ရောက်မှု ဦးရေ သန်း ၃ဝ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ ခရီးသွားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အခြား ဗီယက်နမ်၊ ကမ္ဘောဒီးယား တို့တွင် ရာနှုန်းမြင့် ပြည်ပခရီးသွား ဝင်ရောက်မှု များရှိခဲ့သကဲ့သို့ အိမ်နီးချင်း လာအိုနိုင်ငံသည်ပင် ပြည်ပဧည့် ဝင်ရောက်မှုများပြား လာခဲ့ကြောင်း သို့အတွက် မြန်မာနိုင်ငံ အနေဖြင့် ပွင့်လင်းပြီးစရိတ်သက်သာသည့် ခရီးသွား အစီအစဉ်များ ဖော်ဆောင်သင့်သည်ဟု ၄င်းကဆိုသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats