ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံ ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံ ကြိုးဆွဲချ သေဆုံး



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့နယ်၊ နောင်စွန်းနယ်မြေတွင် မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ၂ ဦးသည် ဇူလိုင်လ ၂ ရက်၊ ညနေက သစ်ပင်တစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ သိရသည်။

"ထူးခြားတာက သူတို့ သေဆုံးတာကို ညနေမှ သိရပေမဲ့ သေဆုံးချိန်က နေ့ခင်းပိုင်းဖြစ်တယ်၊ အခုဖြစ်ရပ်ဟာ သွေးရိုး သားရိုးမဟုတ်ဘူးလို့ သုံးသပ်တယ်၊ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်အောင် ပူးပေါင်းဆောင်ရွက်ဖို့ပြင်ဆင်နေပါတယ်" ဟု AAC မှ အလုပ်သမားအရေး ကူညီဖြေရှင်းဆောင်ရွက်ပေးနေသူ ကိုရဲမင်းမှ ပြောသည်။

သေဆုံးသူ နှစ်ဦးမှာ MOU ဖြင့် လာရောက်ပြီးနောင်စွန်းရှိ Cal Camp ကွန်ပျူတာအပိုပစ္စည်းထုတ် စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မောင်သော်ဇင်ဖြိုးနှင့် မဝေနှင်းဖြူတို့ ဖြစ်ကြကာ ၄င်းတို့သည် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းကုန်းကြီးကျေးရွာမှ ဖြစ်ကြောင်း သိရသည်။ ၄င်းတို့မှာ ထိုင်းနိုင်ငံသို့ ဇွန်လအတွင်းက ရောက်ရှိလာသူများဖြစ်ကြောင်းလည်း သိရသည်။

လတ်တလောတွင် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးမှု အများအပြားရှိနေသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူ စုစုပေါင်း တစ်သောင်းကျော်ရှိနေပြီဖြစ်ကြောင်း JACBA အဖွဲ့မှ ဦးမိုးကြိုးထံက သိရှိရသည်။

Journal Download

Photo of three cats