မိုင်းခတ်တွင် တပ်မတော်သားတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကို မူးယစ်ဆေးဝါးသုံးစွဲနေစဉ် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းခတ်တွင် တပ်မတော်သားတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကို မူးယစ်ဆေးဝါးသုံးစွဲနေစဉ် ဖမ်းမိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့၊ ၀မ်ခုတ်ကျေးရွာအုပ်စု၊ တာဆော့ရွာအနီး၌ မူးယစ်ဆေးသုံးစွဲနေသော တပ်မတော်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ကို ဇူလိုင်လ ၁ ရက် နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းခတ်မြို့မရဲစခန်းမှ သိရသည်။

မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးခင်မောင်လေး၊ မိုင်းခတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်စိုး၊  မူယစ်တပ်ဖွဲ့စု(၂၈)မှ ဒုရဲအုပ် ဇေယျာသွင်နှင့် မိုင်းခတ်စစ်ဗျူဟာ(အခြေချ)မှ ဗိုလ်ကြီးထက်လူအောင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းတွင် ၀မ်ခုတ်ကျေးရွာအုပ်စု၊ တာဆော့ရွာသို့  သတင်းအရ သွားရောက်ရှာဖွေရာ ရွာ၏မြောက်ဘက်၊ လယ်တောဆင်းလမ်းဘေး တစ်နေရာတွင် မိုင်းခတ်(စစ်ဗျူဟာ)အခြေချမှ တပ်ကြပ်ကြီးတင်ဝင်းနိုင်နှင့် မိုင်းခတ်မြို့မရဲစခန်းမှ ရဲတပ်သား အောင်ပြည့်ဖြိုးတို့ ၂ ဦးမှ မူးယစ်ဆေးဝါးသုံးစွဲနေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး ၄င်းတို့ကို စစ်ဆေးရှာဖွေရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄)ပြား၊ အသုံးပြုသည့် ခဲပြားတစ်ခုနှင့် ဆိုင်ကယ်(၂)စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိသုံးစွဲသူ တပ်ကြပ်ကြီး တင်ဝင်းနိုင်နှင့် ရဲတပ်သား အောင်ပြည့်ဖြိုးတို့ကို မိုင်းခတ်မြို့မရဲစခန်းမှ မယ(ပ)၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Journal Download

Photo of three cats