ပြည်သူ့လွှတ်တော်က အင်းလေးကန် ထိန်းသိမ်းရေးအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူ့လွှတ်တော်က အင်းလေးကန် ထိန်းသိမ်းရေးအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိ



မင်းမင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုးမှ တင်သွင်းသော ရှမ်း ပြည်နယ်ရှိ အင်းလေးကန်ရေရှည်တည်တံ့ ရေးအတွက် အစိုးရ၊ ပြည်သူအားလုံးပါဝင်သော စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ချမှတ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိရန် ဇွန်လ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။ 
.
.
ယင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးမှ ဇွန်လ ၂ဝ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး မှ ထောက်ခံဆွေးနွေးခဲ့သော်လည်း လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ သည်ဟု သိရှိရသည်။
.
အင်းလေးကန်သည် ယခင်အလျား ၃၅ မိုင်ခန့်၊ အနံ ၇ မိုင်ခန့် အကျယ်အ ဝန်းရှိခဲ့ရာ ယခုချိန်တွင် အင်းလေးကန် အတွင်း မြေသားများဖို့ခြင်း အမှိုက်ပစ်ခြင်း တို့ကြောင့် တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့ရာ အလျား ၁ဝ ဒဿမ ၉ မိုင်ခန့်နှင့် အနံ ၃ ဒဿမ ၉ မိုင်ခန့်သာရှိတော့ ကြောင်း သိရှိရသည်။
.
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းမှ အင်းလေးကန်ရေ ရှည်တည်တံ့ရေးအတွက် ခေတ်အဆက် ဆက် လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း အင်းလေးကန် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးများ လုပ် ဆောင်နေသဖြင့် အဆိုကို မှတ်တမ်းအ ဖြစ်သာ ထားရှိရန် သဘောထားမှတ်ချက်ပေးခဲ့ရာ လွှတ်တော်မှလည်း သဘောတူခဲ့သည်ဟု သိရသည်။
.
အင်းလေးကန်ရေရှည်တည်တံ့ရေး လုပ်ဆောင်လျက်ရှိသော်လည်း စနစ်တ ကျ လုပ်ဆောင်ခြင်းမရှိသောကြောင့် အင်းလေးကန်သည် လက်ရှိတွင် ယိုယွင်း ပျက်စီးလျက်ရှိကြောင်း သိရှိရပြီး အင်းလေးကန်အတွင်း နေထိုင်ကြသော ဒေ သခံများ၊ ဒေသတွင်းရှိ အရပ်ဖက်အဖွဲ့ အစည်းများမှ ပြည်ပနိုင်ငံခြားအဖွဲ့အစည်း များ၏ ထောက်ပံ့မှုဖြင့် အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် ပြုပြင်ထိန်း  သိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats