TNLA နှင့် ဆက်သွယ်သည်ဟုဆိုကာ သတင်းထောက် ၇ ဦးအား တပ်မတော်မှ ရှမ်းမြောက်တွင် ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

TNLA နှင့် ဆက်သွယ်သည်ဟုဆိုကာ သတင်းထောက် ၇ ဦးအား တပ်မတော်မှ ရှမ်းမြောက်တွင် ဖမ်းဆီး

စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း

(ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်-သီပေါ ကားလမ်း၌ လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက် ၂ ဦးနှင့် ဧရာဝတီ သတင်းအေဂျင်စီမှ သတင်းထောက်တို့ အပါအ၀င် စုစုပေါင်း အမျိုးသား (၇)ဦးကို TNLA လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီးတွင် နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် (LANDCRUSIER)လင်ခရူဇာ အမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကို ဇွန်လ ၂၆ ရက် မွန်းလွဲပိုင်း ၃ နာရီအချိန်က တပ်မတော်စစ်ကြောင်းမှ ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှစ်စီးတွင်  DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက် နှစ်ဦးနှင့်ဧရာဝတီ သတင်းအေဂျင်စီမှ သတင်းထောက် စုစုပေါင်း အမျိုးသား (၇)ဦး လိုက်ပါလာပြီး ၄င်းတို့အား စစ်ဆေး ဖော်ထုတ်ချက်အရ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတစ်ဝိုက်ရှိ နိုင်ငံတော်အစိုးရနှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသ ဦးစီးအဖွဲ့အား လက်နက်ကိုင်ဆန့်ကျင်လျက် ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေနှင့်အရေးယူဆောင်ရွက်နိုင်ရေး လာရှိုးမြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံထားကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လာရှိုးမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းများအား ကမ္ဘောဇတိုင်းမှ ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၇ နာရီအချိန်က ဆက်သွယ်မေးမြန်ရာ တာဝန်ကျ  ရဲအရာရှိများမှ ၄င်းကိစ္စနှင့်ပတ်သက်၍ မသိရှိရသေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

Journal Download

Photo of three cats