RCSS ဗဟိုဌာနချုပ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

RCSS ဗဟိုဌာနချုပ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီး



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်၏ ဗဟိုဌာနချုပ်ရှိရာ ရှမ်းပြည်နယ်၊ လွယ်တိုင်းလျန်ဒေသတွင် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မိုင်းတုံအခြေစိုက် RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံထံမှ သိရသည်။


" ၂၀၁၆-၁၇ တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးတာဖြစ်တယ်၊ နှစ်တိုင်း ဖျက်စီးနေတယ်၊ ပြီးခဲ့တဲ့လက လွိုင်လင်ခရိုင်ထဲမှာ ဖမ်းဆီးရမိတာတွေဆိုရင် အစိုးရကို အပ်ပေးခဲ့တယ်" ဟု မိုင်းတုံဆက်ဆံရေးတာဝန်ခံ ဦးလွန့်ဆန်က ပြောသည်။

မီးရှို့ဖျက်ဆီးသည့် အရေအတွက်မှာ ဘိန်း(စိမ်း) ၁၉.၆၃ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၄.၅၄ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၂၂၃၀၃၅ ပြားတို့ ဖြစ်ကာ ပြစ်မှုကျူးလွန်သူ ၁၉၁ ဦး ရှိပြီး အမျိုးသား ၅၅၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို စိတ်ပိုင်းဆိုင်ရာ ကုသမှု ပြန်လည်မွမ်းမံခြင်းနှင့် ပြုစုပျိုးထောင်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။ ဒေသခံပြည်သူနှင့် တပ်ဖွဲ့ဝင်များအား မူယစ်ဆေးဝါးအန္တရာယ်နှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း အကြိမ်ပေါင်း(၃၄)ကြိမ်ကို ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ဒေသတွင်းဈေးနှုံးများအရ ယာမ ဆေးပြားတစ်ပြားလျှင် ကျပ်(၁၀၀၀)၊ ဘိန်းစိမ်းတစ်ကီလိုဂရမ်လျှင် ကျပ်(၁၀)သိန်းနှင့် ဘိန်းဖြူ တစ်ကီလိုဂရမ်လျှင် ကျပ်သိန်း(၂၅၀)ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒုဥက္ကဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စိုင်းရီက အမှာစကားပြောကြားပြီး တက်ရောက်သူ (၁၄၀၀) ကျော် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats