တောင်ကြီးတွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပြု ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ပြု ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ



စိုင်းသန်းကျော်၊ ကမ္ဘောဇတိုင်း


အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လူမှုဖူလုံရေးအဖွဲ့ရုံးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ဇွန်လ ၂၀ ရက်၊ နံနက် ၁၀ နာရီက တောင်ကြီးမြို့ ၊ကျောင်းကြီးစုရပ်ကွက် ၊ ပြည်နယ်လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံဒေါ်အေးကြင်က အဖွင့်အမှာစကားနှင့် ၂၀၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေအကြောင်းရှင်းလင်းပြောကြားခဲ့ကာ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်ကပတ္တမြားနဂါးသံမဏိစက်ရုံမှ အာမခံအလုပ်သမား ဦးကျော်လွင်ဦး၏ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအတွက် ငွေလုံးငွေရင်း ၃၅၂၈၀၀၀ိ/-(ကျပ်သုံးဆယ့်ငါးသိန်းနှစ်သောင်း ရှစ်ထောင်တိတိ/-) ကို ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား ဦးကျော်လွင်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အောက်ရှိ ၀န်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

Journal Download

Photo of three cats