တောင်ကြီးတွင် ဝိုင်မူးနေသော အမျိုး သမီးတစ်ဦးအား ရည်စားဟောင်းဖြစ်သူမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဝိုင်မူးနေသော အမျိုး သမီးတစ်ဦးအား ရည်စားဟောင်းဖြစ်သူမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



မင်းမင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဝိုင်မူးနေသော အမျိုးသမီးတစ်ဦးအားရည်း စားဟောင်းဖြစ်သူမှ အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှတ်တမ်းများအရ သိရသည်။
.
.
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကံရှေ့ရပ်၊ ဇောတိကလမ်းရှိ အမျိုးသမီးဘော်ဒါ ဆောင်တွင် နေထိုင်သော အသက် ၂၂ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် ဇွန်လ ၂၁ ရက်၊ ညနေ ၅ နာရီအချိန်တွင် ညီမဝမ်း ကွဲတော်စပ်သူနှင့်အတူ ညစာ စားသောက်ရာမှ ဝိုင်အတူသောက်နေစဉ် လွန်ခဲ့သော ၁ လခန့်က ရည်စားဖြစ်ခဲ့ဖူးသူ အောင်အောင်ဆိုသူ ရောက်ရှိလာပြီး       ၎င်းအား ကာယအိနြေ္ဒပျက်ပြားစေသည့် စကားများ ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
.
အမျိုးသမီးမှာ ဝိုင်သောက်ထား၍ မူးယစ်ရီဝေလာသဖြင့် ညီမဝမ်းကွဲဖြစ်သူအား အဆောင်သို့ ပြန်ပို့ပေးရန် ပြောဆို ရာတွင် ညီမဝမ်းကွဲမှ ကလေးကြိုရမည်ဖြစ်၍ အောင်အောင်အား လိုက်ပို့ခိုင်းမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း၊ ထိုသို့ပြောဆိုပြီးနောက် ညီမဖြစ်သူက အဖြူ ရောင်ကားတစ်စီးပေါ်သို့ တင်ပေးခဲ့ရာ အမျိုးသမီးမှာ ခေါင်းမူးနေသဖြင့် ကားပေါ်တွင် အိပ်၍လိုက်ပါခဲ့ကြောင်း သိရသည်။ ထို့နောက် နေအိမ်တစ်လုံးရှေ့တွင် ကားရပ်ကာ အောင်အောင်မှ အမျိုးသမီးအား အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
.
အောင်အောင်မှ ဇွန်လ ၂၂ ရက် တွင် သားမယားအဖြစ် ပြုကျင့်ပြီး ¤င်း၏ ဖုန်းကိုသိမ်းဆည်း၍ အခန်းတံခါးပိတ်ထား ခဲ့ကြောင်း၊ အမျိုးသမီးမှ အိမ်ပြန်ချင်သဖြင့် အောင်အောင်နှင့် လက်မှတ်ထိုးရန် သဘောတူခဲ့ပြီး ဟဲဟိုးမြို့တွင် လက်မှတ်ရေး ထိုးခဲ့ကြောင်း၊ ထို့နောက် သာစည်မြို့ရှိ အောင်အောင်၏ မိဘများကို သွားရောက် ခေါ်ဆောင်ခဲ့ ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသမီးသည် ဇွန်လ ၂၃ ရက်တွင် အောင်အောင်နှင့်အတူ ၎င်း ၏မိဘများနေထိုင်ရာ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာသို့ မိဘများထံ ထွက်ပြေးခဲ့ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ အောင်အောင်အား တရားလိုပြုလုပ်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသမီးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ အောင်အောင်မှာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပညာဗောဓိလမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းအား တောင်ကြီးနယ်မြေရဲစခန်းတွင် (ပ)၅၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၆/၃၇၆/၅၀၆/၁၁၄ တို့အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats