အစိမ်းရောင်နယ်မြေ စီမံကိန်းများ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးရေး အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အစိမ်းရောင်နယ်မြေ စီမံကိန်းများ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးရေး အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု



သွဲ့ရတီဗိုလ်၊ ကမ္ဘောဇတိုင်း
.
နိုင်ငံတစ်ဝန်း အစိမ်းရောင်နယ်မြေ စီမံကိန်းများ နှစ်အလိုက် သစ်တောစောင့်ရှောက်မှု တိုးမြှင့်၍ ဆောင်ရွက်ပေးရေး အဆိုကို မေလ ၃၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အစည်းအဝေး၌ အတည်ပြုခဲ့ကြောင်း သိရသည်။ 
.
.
ယင်းအဆိုအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနသာမက နိုင်ငံတစ်ဝန်း အစိမ်းရောင်နယ်မြေ ဖြစ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများလည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ တောတောင် ထူထပ်သော ဒေသများ၌ သစ်တောပြုန်းတီးမှုများကြောင့် ၂၀၁၅ နှင့် ၂၀၁၆ တွင် မြန်မာနိုင်ငံ အနေဖြင့် အပြင်းထန်ဆုံးသော ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် နိုင်ငံတကာ ရာသီဥတု ဘေးအန္တရာယ် အညွန်းကိန်း၌ နိုင်ငံ ၁၈၇ နိုင်ငံအနက် အဆင့် ၂ နေရာတွင် ရှိနေကြောင်း၊ သစ်တောပြုန်းတီးမှုအကြောင်းရင်း များအနက် တရားဝင်နှင့် တရားမ၀င် သစ်ခုတ်မှု အလွန်ကျွံများပြားခြင်း၊ တောင်ယာမီးရှို့ခြင်း၊ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်း၊ တောမီး လောင်ခြင်း၊ ပိုးမွှားကျခြင်း၊ မြေအောက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင် ခြင်း၊ ဆည်မြောင်းတာတမံများ တည်ဆောက်ခြင်း၊ မြို့ပြတိုးချဲ့ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ပါဝင်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၏ နိုင်ငံအ၀န်း သစ်တော စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်လျက်ရှိသော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင် မြို့တို့တွင် အစိမ်းရောင်နယ်မြေ (Green Land)စီမံကိန်းများ အမြန်ဆုံး စနစ်တကျအကောင် အထည် ဖော်ဆောင်ပါရန်နှင့် အခြားဒေသများ၌လည်း နှစ်အလိုက် စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
.
၁၉၉၀ တွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၆၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ တွင် ၄၃ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ကြောင်းနှင့် ၂၀၁၅ တွင် သစ်တောပြုန်းတီးမှုသည် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်း တစ်ခုကို ကိုးကား၍ အဆိုတင်သွင်းခဲ့ရာ အထက်ပါ အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats