အေးသာယာမြို့တွင် တစ်အိမ်တည်းနေ ပထွေးဖြစ်သူမှ အရွယ်မရောက်သေးသည့် မယားပါသမီးအား သားမယားအဖြစ်​ ပြုကျင့်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာမြို့တွင် တစ်အိမ်တည်းနေ ပထွေးဖြစ်သူမှ အရွယ်မရောက်သေးသည့် မယားပါသမီးအား သားမယားအဖြစ်​ ပြုကျင့်မှု ဖြစ်ပွား

စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်​နယ်​၊ ​တောင်​ကြီးမြို့နယ်​၊ ​အေးသာယာမြို့၊ရပ်ကွက်(၅)၊နယ်မြေ(၂)တွင် တစ်အိမ်တည်းနေသူ ပထွေးဖြစ်သူမှ အလိုမတူပဲ အသက် (၁၅)နှစ် အရွယ်ရှိ မယားပါသမီးအား ဇွန်လ ၅ ရက် နံနက်က သားမယားအဖြစ်​ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း အေးသာယာနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သားမယားအဖြစ်ပြုကျင့်ခံရသည့် အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ်​သည် ၄င်း၏မိခင် ဒေါ်စိုးစိုးနှင့် အိပ်နေစဉ်​ ပထွေးဖြစ်သူ ကျော်မင်းထွန်းမှ ရောက်လာပြီး (၁၅)နှစ်အရွယ်ရှိ သမီးပျိုအား သားမယား ပြုကျင့်ရန် ခြိမ်းခြောက်ပြောဆိုစဉ် မိခင်ဖြစ်​သူမှ ပထွေးဖြစ်သူ ကျော်မင်းထွန်းကို ၄င်း၏သမီးအား သားမယားအဖြစ် မပြုကျင့်​ရန် တောင်းပန်ပြောကြားခဲ့​ကြောင်း၊ ထို့​နောက်​ သမီးဖြစ်​သူမှ အိပ်ယာမှ နေအိမ်အောက်ဆင်း၍ အိမ်ဘေးချောင်းအနီး အပေါ့သွားရာ မိခင် ​ဒေါ်စိုးစိုးမှ သမီးဖြစ်သူနောက် လိုက်သွားခဲ့စဉ် ပထွေးဖြစ်သူ ကျော်မင်းထွန်းမှ လိုက်လာပြီး (၁၅)နှစ် အရွယ်ရှိ သမီးဖြစ်​သူကို သားမယားပြုကျင့်ရန်​ တွန်းလှဲခဲ့​ကြောင်း၊ မိခင် ​ဒေါ်စိုးစိုးမှ တားမြစ်ခဲ့သော်လည်း ပထွေးဖြစ်သူသည် တားမြစ်သည့် ​ဒေါ်စိုးစိုးအား ရိုက်နှက်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်။



မိခင်ဒေါ်စိုးစိုးမှ သားမယာအဖြစ် ပြုကျင့်ခဲ့သူ ကျော်မင်းထွန်းအား ဇွန်လ ၅ ရက် နံနက် ၈ နာရီခွဲက တရားလိုအဖြစ် ရဲစခန်း၌ တိုင်ကြားရာ တရားခံ ​ကျော်မင်းထွန်းအား အေးသာယာနယ်မြေရဲစခန်းမှ ဖမ်းဆီး၍ (ပ)၇၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/၃၂၃/၅၀၆ အရ အရေးယူ​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats