သိန္နီမြို့နယ်ရှိ ဧည့်သုဿန်အဟောင်းမှ ဥတ္တရာသုဘဘာသာပေါင်းစုံ သုဿန်သစ်သို့ မကျွတ်မလွတ်သော သတ္တဝါများအား ပြောင်းရွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီမြို့နယ်ရှိ ဧည့်သုဿန်အဟောင်းမှ ဥတ္တရာသုဘဘာသာပေါင်းစုံ သုဿန်သစ်သို့ မကျွတ်မလွတ်သော သတ္တဝါများအား ပြောင်းရွေ့



ချစ်လှ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက်တွင် လွန်ခဲ့သော  ၁ဝ နှစ်ခန့်ကတည်းက အသုံးမပြုတော့သည့် ဧည့်သုဿာန်ဟောင်းနေရာမှ သိန္နီမြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာတွင် ရှိသော ဥတ္တရာသုဘ ဘာသာပေါင်းစုံသုဿန်သစ်သို့ မကျွတ်မလွတ် သော သတ္တဝါများအား ပြောင်းရွေ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မကျွတ်မလွတ် သော သတ္တဝါများအား ပြောင်းရွေ့မှုကို သိန္နီမြို့၊ ကျောင်းဆိုင်ကျောင်း ဆရာတော် ဦးနာရိန္ဒ၊ ကျောင်းခမ်းကျောင်း ဆရာတော် ဦးစန္ဒာဝရ ပါသံဃာ(၅)ပါး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးညီညီမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စုစုပေါင်းအင်အား(၅ဝ)ဦးခန့်တို့မှ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ဆရာတော်ကြီးများမှ သုဿန် ပြောင်းရွေ့ရေးအတွက် လာရောက်ကြသူများအား ငါးပါးသီလပေးအပ်ပြီးနောက်  စည်ပင် အမှုဆောင်အရာရှိ ဦးညီညီမောင်မှ အမိန့်ပြန်ကြားခြင်း၊ ကျောင်းခမ်းကျောင်း ဆရာတော် ဦးစန္ဒာဝရမှ မေတ္တာရပ်ခံခြင်းများ ဖတ်ကြားခဲ့ကြောင်း သိရသည်။

မကျွတ်မလွတ် သော သတ္တဝါများအား (၁၂)ဘီးယာဉ် (၃)စီးဖြင့် သုဿန်သစ်သို့ ပြောင်းရွေ့ခြင်းဆောင်ရွက်ခဲ့ပြီး ဧည့်သုဿုန်ဟောင်းနေရာမှ ယူဆောင်လာသော မြေအိုး(၄)အိုးအား သုဿန်သစ်ရှိ ထောင့် လေးထောင့်တွင် မြှပ်နှံခြင်း၊ ကျောင်းခမ်းကျောင်း ဆရာတော် ဦးစန္ဒာဝရမှ မကျွတ်မလွတ်သော ဝိဥာဉ်များအား နေရာချထားခြင်း၊ ဆရာတော်ကြီးများမှ ရေစက်ချ တရားနာခြင်းများ ဆောင်ရွက်ခဲ့ကြောင်လည်း သိရသည်။

Journal Download

Photo of three cats