လူသတ်​မှုနှင့်​ ဆက်​နွယ်​​နေသည်​ဟု သံသယရှိသူ ၂ ဦးအား မြန်​မာမှ ထိုင်းသို့ လွှဲ​ပြောင်း​ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူသတ်​မှုနှင့်​ ဆက်​နွယ်​​နေသည်​ဟု သံသယရှိသူ ၂ ဦးအား မြန်​မာမှ ထိုင်းသို့ လွှဲ​ပြောင်း​ပေး

မောင်​ယဉ်​​ကျေး၊ က​မ္ဘောဇတိုင်း



ထိုင်းနိုင်​ငံ၊ ခွန်​ကန်​မြို့၌ ​မေလ၂၃ ရက်​က ဖြစ်​ပွားခဲ့သည့်​ လူသတ်​မှုနှင့်​ ဆက်​နွယ်​သည်​ဟု သံသယရှိ​နေသူ အမျိုးသမီး ၂ ဦးအား မြန်​မာနိုင်​ငံအတွင်းသို့ ​ခေါ်​ဆောင်​လာခဲ့သူနှင့်​ လက်​ခံထားသူတို့အား ယ​နေ့ ဇွန်​လ ၁ ရက်​တွင်​ မြန်​မာတာဝန်​ရှိသူများမှ ထိုင်းတာဝန်​ရှိသူများထံသို့ လွှဲ​ပြောင်း​ပေးခဲ့​ကြောင်း သိရသည်​။

ထိုင်းနိုင်​ငံ၊ ခွန်​ကန်​မြို့ရှိ ကာရာအို​ကေဆိုင် ၁ ခုတွင်​ အလုပ်​ လုပ်​ကိုင်​​နေသည့်​ အမျိုးသမီး တစ်​ဦးအား အမျိုးသား ၂ ဦးနှင့်​ အမျိုးသမီး ၂ ဦးတို့က ခန္ဓာကိုယ်​အား ၂ ပိုင်းဖြတ်​၍ လက်​များကို ဖြတ်​ကာ သတ်​ဖြတ်​ပြီး​နောက်​ ထွက်​​ပြေးတိမ်း​ရှောင်​လျက်​ရှိရာ အဆိုပါ ၄ ဦးအနက်​ အမျိုးသမီး ၂ ဦးမှာ မြန်​မာနိုင်​ငံ၊ တာချီလိတ်​မြို့ဘက်​သို့ ထွက်​​ပြေးတိမ်း​ရှောင်​​နေ​ကြောင်း ထိုင်းနိုင်​ငံ တာဝန်​ရှိသူများက မြန်​မာ+ထိုင်း နယ်​ခြား​ကော်​မတီမှတဆင့်​ မြန်​မာနိုင်​ငံသို့ ဖမ်းဆီး​ပေးနိုင်​ရန်​ အကူအညီ ​တောင်းခံခဲ့​ကြောင်း သိရသည်​။



ယင်းကဲ့သို့ အကူအညီ ​တောင်းခံမှုအရ တာချီလိတ်​ခရိုင်​မှ တာဝန်​ရှိသူများက စုံစမ်းစစ်​​ဆေးမှုများ ပြုလုပ်​ခဲ့ရာ အဆိုပါ အမျိုးသမီး ၂ ဦးသည်​ ​မေလ ၂၅ ရက်​ ည ၈ နာရီ​ကျော်​က အမှတ်​(၁) ချစ်​ကြည်​​ရေးတံတားမှတဆင့်​ တာချီလိတ်​မြို့သို့ ဝင်​​ရောက်​လာခဲ့ကြပြီး ကာရာအို​ကေဆိုင်​ တစ်​ခုတွင်​ ထိုင်းနိုင်​ငံသား တစ်​ဦးက လက်​ခံထား​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သဖြင့်​ မြန်​မာတာဝန်​ရှိသူများက လူသတ်​တရားခံဟု သံသယရှိ​နေသည့်​ အမျိုးသမီး ၂ ဦးကို ​ခေါ်​ဆောင်​လာသူနှင့်​ လက်​ခံထားသူ ထိုင်းနိုင်​ငံသား ၂ ဦးအား ဖမ်းဆီးခဲ့​ခြင်း ဖြစ်​​ကြောင်း သိရသည်​။

ဖမ်းဆီးရမိ​သော ထိုင်းနိုင်​ငံသား ၂ ဦးအား စစ်​​မေးရာ အဆိုပါ အမျိုးသမီး ၂ ဦးကို အခြား ထိုင်းနိုင်​ငံသားတစ်​ဦးမှ ​ပျော်​ပါးရန်​အတွက်​ ​ခေါ်​ဆောင်​သွား​ကြောင်း ထွက်​ဆိုခဲ့သဖြင့်​​ ၄င်းတို့အား ဖမ်းဆီးရမိနိုင်​​ရေးအတွက်​ နှစ်​နိုင်​ငံတာဝန်​ရှိသူများက ပူး​ပေါင်း​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း၊ လူသတ်​တရားခံအဖြစ်​ သံသယရှိ​နေသူ အမျိုးသမီး ၂ ဦးကို ​ခေါ်​ဆောင်​လာသူနှင့်​ လက်​ခံထားသူ ထိုင်းနိုင်​ငံသား ၂ ဦးအား တာချီလိတ်​ ခရိုင်​ လဝကမှ ဒုညွှန်​မှူး ဦး​ကျော်​​မော်​ထွန်း၊ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်​ဝင်းနှင့်​ တာဝန်​ရှိသူများက ထိုင်းနိုင်​ငံ တာဝန်​ရှိသူများထံသို့ လွှဲ​ပြောင်း​ပေးခဲ့​ကြောင်း သိရသည်​။

Journal Download

Photo of three cats