တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ရောက်ရှိ

ပြည်မကြီး အချုပ်အခြာအောက်သို့ ဟောင်ကောင်ကျွန်းပြန်လည် ရောက်ရှိသည့် နှစ် ၂ဝပြည့် အခမ်းအနားအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ ယနေ့တွင် ရောက်ရှိခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့သည်။
.


ဟောင်ကောင်ဒေသသည် မိမိမြတ်နိုးလှသော ဒေသဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ နှစ် ၂ဝ ဖြတ်သန်းမှု သမိုင်းကြောင်းမှ သင်ခန်းစာများရယူ၍ တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒတည်ငြိမ်ရေးအတွက် တရုတ်အစိုးရအနေဖြင့် ဟောင်ကောင် လူထုလူတန်းစား အလွှာအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ချက်လက်တော့ ဟောင်ကောင်နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိစဉ် တရုတ်သမ္မတက ကြိုဆိုထောက်ခံသူများအား ပြောကြားခဲ့သည်။
.
ပြည်မကြီးအစိုးရ သြဇာကြောင့် ဟောင်ကောင်၏ နိုင်ငံရေးလွတ်လပ်မှု အစဉ်အလာ ထိခိုက်မည်ကို စိုးရိမ်နေသော ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများနှင့် ပြည်မကြီးအစိုးရ လိုလားထောက်ခံသူများ အကြားသဘောတရား ရေးရာ နှစ်ခြမ်းကွဲနေချိန်တွင် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
.


ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင်တရား စီရင်ရေးစနစ်၊ အကန့်အသတ်ရှိသော ပါတီစုံဒီမိုကရေစီ စနစ်နှင့် ဒီမိုကရေစီ အခွင့်အရေးများကို အာမခံချက်ပေးထားသည့် ပြည်မကြီးအစိုးရ၏ တစ်နိုင်ငံစနစ် နှစ်မျိုးမူဝါဒအရ ဗြိတိန် နိုင်ငံသည် ဟောင်ကောင်ဒေသကို ၁၉၉၇ ခုနှစ်ဇူလိုင် ၁ရက်က တရုတ်နိုင်ငံ၏ အချုပ်အခြာအောက်သို့ ပြန်လည်လွှဲအပ်ခဲ့သည်။
.
ထို့ပြင် ဟောင်ကောင်ဒေသ၌ အရင်းရှင်စီးပွားရေးစနစ် ကျင့်သုံးမှုကို ၂ဝ၄၇ ခုနှစ်ထိ နှစ်ပေါင်း ၅ဝ ခန့် ဆက်လက်ခွင့်ပြုရန် ကတိကဝတ် ပေးထားကြောင်း သိရသည်။

.
Pyi Chit Thar

Journal Download

Photo of three cats