သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ လက်လုံးမိုင်းတစ်လုံးပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ လက်လုံးမိုင်းတစ်လုံးပေါက်ကွဲ



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ဝင်းအတွင်း ဇွန်လ ၃ ရက်၊ ည ၉ နာရီ ၁၅ မိနစ် အချိန်ခန့်က လားရှိုး ဘက်မှအဝင်ဂိတ်အနီး လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၏ လက်ယာဘက်ပေ ၂ဝ ခန့် အကွာ၌ လက်လုံးမိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
.
.
"လူ အ​ဆောက်​အဦ ပစ္စည်းထိခိုက်​မှုမရှိပါဘူး ဖြစ်​စဉ်​ကို အစီရင်​ခံတင်​ပြထားပါတယ်​"ဟု ​ရေပူစခန်းတာဝန်​ခံ အ​ကောက်​ခွန်​ဦးစီးဌာန ဒုတိယညွှန်​ကြားရေးမှူး ဦးတက်​ထွန်း​အောင်​က ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။
.
အဆိုပါ​ရေပူစခန်းတွင်​ တရားမဝင်​ပစ္စည်းများ သယ်​​ဆောင်​​မှုကို ဖမ်းဆီးမှုများပြားသဖြင့်​ တရားမဝင်​လုပ်​​ဆောင်​​နေသူများမှ လုပ်​​ဆောင်​နိုင်​ဖွယ်​ရှိသည်ဟု မဆိုလိုနိုင်​​ကြောင်း ၄င်းက​ပြောသည်​။ မကြာ​သေးမီ ​မေလအတွင်းကပင်​ TNLA လက်​နက်​ကိုင်​အဖွဲ့မှ ခြိမ်း​ခြောက်​စာ​ပေးခဲ့ခြင်းရှိ​​ကြာင်း၊ အွန်​လိုင်းသတင်းများတွင်​​ဖော်​ပြခဲ့​သော်​လည်း TNLA​ ပြောခွင့်​ရပုဂ္ဂိုလ် ​မိုင်းအိုက်​​ကျော်​က ငြင်းဆိုခဲ့သည်​။
.
ရေပူအမြဲတန်းစစ်​​ဆေး​ရေးစခန်းမှာ ယခင်​အစိုးရလက်​ထက်​ ပိတ်​သိမ်းခဲ့​သော်​လည်း ယခုအစိုးရလက်​ထက်​တွင်​ ပြန်​လည်​ဖွင့်​လှစ်​ခဲ့ခြင်းဖြစ်​သည်​။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats