တောင်ကြီးမြို့ ယာဉ်ထိန်းရုံးရှေ့တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ ယာဉ်ထိန်းရုံးရှေ့တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား



ခန့်လင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ပေါ်တွင် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက LANDCRUSIER  မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ အမှတ် ၁၈ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ 
.
.
“မိုးကလည်း ရွာနေတော့ မတော်တဆဖြစ်သွားတာဖြစ်တယ်။ မနက် ၇ နာရီလောက်က ဖြစ်တယ်။ ကားက တောင်ကြီးမြို့ထဲကမောင်းလာတာဖြစ်တယ်။ အကွေ့မှာ စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာဖြစ်တယ်။ ကားကလည်းလိုင်စင်ရှိတယ်။ ဒါကြောင့် ပုဒ်မ ၁ ခုနဲ့ပဲ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ် ဟု အမှတ် ၁၈ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ လမ်းလယ်ရှိ လျှပ်စစ်မီးတိုင် တစ်တိုင်နှင့် ပလက်ဖောင်း ကျွန်းမျှောအုတ်ခံ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
.
ယာဉ်အား မဆင်မခြင် မောင်းနှင်ခဲ့သည့် ယာဉ်မောင်း ဦးစိုင်းကျော်ဝင်း၊ တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်နေသူအား တောင်ကြီးမြို့ အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats