မိုင်းကိုင်တွင် ၀ါယာရှော့ဖြစ်၍ ဆီပန့်ဆိုင်မီးလောင် ကားနှစ်စီး ခေါင်းပိုင်းထိခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်တွင် ၀ါယာရှော့ဖြစ်၍ ဆီပန့်ဆိုင်မီးလောင် ကားနှစ်စီး ခေါင်းပိုင်းထိခိုက်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့အ၀င် နောင်ကန့်ကျေးရွာတွင် ဖွင့်လှစ်ထားသော စက်သုံးဆီပန့်ဆိုင်တစ်ဆိုင်၌ ဇွန်လ ၈ ရက်က ပလပ်တပ်ရာမှ ၀ါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ရပ်ထားသည့် ကားကြီးနှစ်စီး၏ ခေါင်းပိုင်း အနည်းငယ် ထိခိုက်သည်မှအပ အခြားလူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ဆီဆိုင်ပိုင်ရှင်ထံမှ သတင်းရရှိသည်။
.
.
ဖြစ်စဉ်မှာ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားသည့် ပလပ်မှ လျော့၍ ပလပ်ခေါင်းရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်း ဖြစ်သော်လည်း ဆီတိုင်ကီများ၊ ကားပေါ်ရှိဆီပေပါများ လောင်ကျွမ်းမှုမရှိသဖြင့်  နံနက် ၆ နာရီခွဲခန့်က လောင်ကျွမ်းသည့်မီးကို နံနက် ၉ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါဆီဆိုင်ပိုင်ရှင်၏ ခင်ပွန်းဖြစ်သူ မိုင်းကိုင်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းလုံက ပြောသည်.
.

“ပြည်နယ်လွှတ်တော်အစည်းအဝေး ကနေ မိုင်းကိုင်ကျောက်မီးသွေးကုမ္ပဏီ ကိစ္စ အတွက်ခွင့်ယူပြီးပြန်လာတာ မီးလောင်တာ တွေ့ရတယ်၊ ဌာနဆိုင်ရာတွေရော ပြည်သူတွေရော အားလုံး ၀ိုင်းကူအားပေးကြပါတယ်၊ ဆရာတော်တွေဆိုရင် လက်မခံတဲ့ ကြားက ၁၈ သိန်း အတင်းကူ သွားကြသေးတယ်၊ ဇနီးအမည်နဲ့ မြေရော ဆိုင်ရောပေါက်တာဖြစ်လို့ သူ့ကိုအမှုဖွင့်ပါတယ်“ဟု ဦးစိုင်းလုံကပြောသည်။
.
၎င်းကိုယ်ပိုင် ဆီတင်ထားသည့် ၁၂ ဘီးကားခေါင်းပိုင်းနှင့်၊ ဆီပန့်အတွင်း ဘက်ထရီဖြုတ်၍ ရပ်ထားသည့် ကားကြီးတစ်စီးတို့ကို မီးဟတ်ခံရသော်လည်း ပျက်စီးမှုမရှိကြောင်း အဆောက်အဦးသာလောင်ပြီး ဆီသိုလှောင်တိုင်ကီကြီးမှာလောင်ကျွမ်းမှု မရှိသဖြင့် အခြားနေရာများသို့လည်းကူးစက်မှုမရှိခဲ့ကြောင်း ၄င်းကပြောသည်။
.
အဆိုပါ စက်သုံးဆီဆိုင်မီးလောင်မှုတွင် တာဝန်ရှိသူ ဒေါ်ပါမတ်အား မီးလောင်မှု ဖြင့် အရေးယူထားမှုကို သိရှိနိုင်ရေး မိုင်းကိုင် ရဲစခန်းသို့ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရရှိချေ။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats