ကျိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲပြီး မိသားစုနှင့် ဒေသခံများကို ရမ်းကားနှောင့်ယှက်ပါက ခြေချုပ်ခံဝန်ဖြင့် ထိန်းသိမ်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲပြီး မိသားစုနှင့် ဒေသခံများကို ရမ်းကားနှောင့်ယှက်ပါက ခြေချုပ်ခံဝန်ဖြင့် ထိန်းသိမ်းမည်



ထက်တိုင်းကျော်(မြစ်မခ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ တွင် မူးယစ်ဆေးဝါး သုံးစွဲထားပြီး မိသားစုနှင့် ဒေသခံများကို ရမ်းကားနှောင့်ယှက် ပါက ခြေချုပ်ခံဝန်ဖြင့် ထိန်းသိမ်းပေး မည် ဖြစ်ကြောင်း ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က ပြောဆိုလိုက်သည်။
.
.
''ကျိုင်းတုံမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုကို ပပျောက်စေအောင် ရဲတပ်ဖွဲ့ဝင်တွေက ရပ်ရွာလူထု အခြေပြု စီမံချက်အနေနဲ့ ကြိုးစားလုပ် ဆောင်နေပေမဲ့ ဝန်နဲ့အား မမျှတတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နေ့စဉ်လူမှု ဘဝ ဒုက္ခတွေကိုလည်း ကြားသိနေရပါ တယ်။ ဥပဒေအရ မူးယစ်ဆေးဝါး ကို လက်ဝယ်တွေ့ရှိခြင်းမရှိလို့ အရေးယူဖို့ မဖြစ်နိုင်ပေမဲ့ ဘယ်ကနေ ဘယ်လို မူးယစ်ဆေးဝါးသုံးစွဲထားပြီးမှ မိသားစုနဲ့ ရပ်ရွာလူထုကို မူးယစ်ရမ်းကားနေသူ ကို ခြေချုပ်ခံဝန် ဥပဒေနဲ့ အရေးယူပြီး တား ဆီးဖို့ စီစဉ်ရတာ ဖြစ်ပါတယ်''ဟု ရဲမှူး ကြီး သက်လွင် က ပြောသည်။
.
မူးယစ်ဆေးဝါးသုံးစွဲ၍ ရမ်းကားနေ သူများကို ခြေချုပ်ခံဝန်ဖြင့် ထိန်းသိမ်းမည့် အစီအစဉ်အား ဇွန်လမှ စတင် ဆောင်ရွက်နေပြီး ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက သတင်းပေးတိုင်ကြားရုံဖြင့် ရဲတပ်ဖွဲ့တာဝန်ရှိသူ များက ရဲလုပ်ငန်းလုပ်ထုံး လုပ်နည်းဥပဒေ အရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
''ကျွန်မသားကို ဖမ်းစေချင်တာကြာပြီ။ ရွာသူကြီးကိုယ်တိုင်ကလည်း လက်ထဲမှာ မူးယစ်ဆေးဝါးတွေ့မှ ရဲကဖမ်းလို့ ရတယ်လို့ ပြောနေတယ်။ သူဘယ်ကနေ သောက်လာမှန်းမှ မသိရဘဲ။ အိမ်မှာလာ ရမ်းနေ၊ ကြမ်းနေတဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ အိမ်မှာ ဘာပစ္စည်းမှလည်း မကျန်တော့ဘူး။ ဒီဆေးသမား သားကြောင့် မိသားစု စိတ်ညစ်နေရတာ ကြာပြီ''ဟု ကျိုင်းတုံမြို့၊ အမှတ် (၁)ရပ်ကွက်၊ စွန် နောင်လမ်းရပ်နေ ဒေါ်ဘူးဗျာကပြော သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသသည် မူးယစ်ဆေးဝါးမျိုးစုံ ဖြတ်သန်းရောက်ရှိနိုင် သော အနေအထားဖြစ်ပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နယ်မြေ ချင်း ထိစပ်နေပြီး နယ်စပ်တွင် ခြေကုတ်ယူ လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ အစည်းများစွာ ရှိနေသဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းစဉ်မှာ ကျယ်ပြန့် ကြီးမားကြောင်း ရဲမှူးကြီးသက်လွင်က ပြောသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats