တောင်ကြီးမြို့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် ရှမ်းလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် ရှမ်းလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ



စိုင်းရာဇာ၊ မင်းမင်း၊ ကမ္ဘောဇတိုင်း
.
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်သည် ဇွန်လ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊  ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိကြောင်း သိရသည်။
.
.
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးလျက်ရှိသည်။
.
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ထ့သို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ရှမ်းပြည်နယ်လွှတ်တော် အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats