မိသားစု စွန့်ပစ်ခြင်းခံနေရသော လားရှိုးမှ မူးယစ်ဆေးဆွဲလူငယ်များ၏ ဘဝအနာဂတ် ပျောက်ဆုံးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိသားစု စွန့်ပစ်ခြင်းခံနေရသော လားရှိုးမှ မူးယစ်ဆေးဆွဲလူငယ်များ၏ ဘဝအနာဂတ် ပျောက်ဆုံးနေ



လင်းလင်း(လားရှိုး)၊ ကမ္ဘောဇတိုင်း
.
လားရှိုးမြို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်အချို့မှာ ၄င်းတို့၏ မိသားစုဆွေ မျိုးများ၏ စွန့်ပစ်ခြင်းကို ခံနေကြရပြီး လက်ရှိအခြေအနေ၌ ၄င်းတို့၏ ဘဝများသည် အခြေမဲ့ အနေမဲ့ ဖြစ်နေကြကြောင်း ဒေသခံများ မှ ပြောဆိုလျက်ရှိသည်။
.
.
ယင်းလူငယ်များမှာ မူးယစ်ဆေးဝါး သုံးစွဲနေကြသူများဖြစ်သော်လည်း ၄င်းတို့ တွင် ဆေးဖြတ်လိုစိတ်များရှိကြောင်း၊ ဆေးဖြတ်ရန်အတွက် တရားဝင်ဆေးဖြတ် ဌာနများသို့ မှတ်ပုံတင်ပါက အိမ်ထောင် ဦးစီးဖြစ်စေ၊ အုပ်ထိန်းသူဖြစ်စေ လိုက်လံ အပ်နှံပေး၊ တာဝန်ခံလက်မှတ်ထိုးပေးမှ သာ လက်ခံကြသည့်အတွက် မိသားစု၏ စွန့်ပစ်ခြင်းကို ခံရသော ဆေးစွဲလူငယ်များ ၏ အနာဂတ်ဘဝ မျှော်လင့်ချက်များ ကင်းမဲ့နေကြောင်း မူးယစ်ဆေးစွဲလူငယ် တစ်ဦးမှ ပြောကြားခဲ့သည်။
.
''ကျွန်တော့်နာမည်က ဟွမ်ချီပမ် ပါ။ အဖေကတော့ ငယ်ကတည်းက ဆုံး သွားပါပြီ။ အခု အမေလည်း ဆုံးသွား တော့ ကျွန်တော်ရသင့်ရထိုက်တဲ့ အမွေ တွေ အိမ်တွေကိုလည်း ညီအကိုမောင်နှမ တွေက ယူသွားကြပါတယ်။ ကျွန်တော်က တော့ သူတို့နဲ့ တရားစွဲဆိုပြီး အပြိုင်လည်း မလုပ်တတ်သလို ငွေလည်းမရှိဘူး။ ဂုဏ် မရှိဘူး။ ဆေးစွဲနေတယ်။ အဲဒီတော့ အရှုံး ပဲဖြစ်ခဲ့ရတယ်။ အခုတော့ ညီအစ်ကို မောင်နှမတွေ မောင်းထုတ်ထားတော့  လမ်းဘေးမှာ ကြုံသလိုနေရတဲ့ဘဝ ဖြစ် နေပါပြီ''ဟု လားရှိုးမြို့နေ မူးယစ်ဆေးစွဲ လူငယ်တစ်ဦးက ပြောကြားခဲ့သည်။ အ လားတူ အခြား မူးယစ်ဆေးစွဲလူငယ်တစ် ဦးမှလည်း မူးယစ်ဆေးစွဲမှုကြောင့် အိမ် ထောင်ကွဲ၊ မိသားစု၏ စွန့်ပစ်ခံရမှုအခြေ အနေများကို ပြောကြားခဲ့သည်။
.
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လား ရှိုးမြို့နယ် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန် လည်ထူထောင်ရေးစခန်းမန်နေဂျာ ဦးခိုင် ဝင်းအား တွေ့ဆုံမေးမြန်းရာ လားရှိုးမြို့ တွင် စခန်းအခြေပြု ပြန်လည်ထူထောင် ရေး၊ စခန်းနှင့်ရပ်ရွာအခြေပြု ပြန်လည်ထူ ထောင်ရေး၊ ရပ်ရွာအခြေပြု ပြန်လည်ထူ ထောင်ရေးဟူ၍ ၃ မျိုးခွဲခြားကာ မူးယစ် ဆေးစွဲသူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ များကို ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်း၏ အဓိက  လုပ်ငန်းတာဝန်မှာ မူးယစ်ဆေးစွဲသူများ ကို ကျန်းမာရေးဌာနမှ ဆေးဖြတ်ကုသမှု ပြုလုပ်ပြီးမှသာလျှင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင် ရာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း များ လုပ်ဆောင်ပေးခြင်းသာဖြစ်ပါ ကြောင်း၊ ယခုမိဘဆွေမျိုးများမှာ စွန့်ပစ် ခြင်းခံနေရသော မူးယစ်ဆေးစွဲသူ လူငယ် များ၊ မိဘမဲ့ တစ်ကောင်ြ<ွကက်ဘဝရောက် နေသော မူးယစ်ဆေးစွဲသူ လူငယ်များကို ဆေးဖြတ်ခြင်းကိစ္စမှာ ကျန်းမာရေးဌာနနှင့် သာ အဓိကသက်ဆိုင်ကြောင်း ပြောသည်။
.
လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှု ပြုလုပ်ပေးလျက်ရှိသော NGO အဖွဲ့အစည်းများမှ ထိုလူငယ်များ ကို ခေါ်ယူကာ ကျန်းမာရေးဌာနတွင် ဆေးဖြတ်ကုသနိုင်ရန် ကူညီထောက်ပံ့မှု ပြုပေးခြင်း၊ ပြန်လည်ထူထောင်ရေးစခန်း သို့ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေး ပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ¤င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
လက်ရှိတွင် လားရှိုးမြို့၊ ရပ်ကွက် (၅)အတွင်း မိသားစု၏ စွန့်ပစ်ခြင်းခံနေရ သော မူးယစ်ဆေးစွဲလူငယ် ၃ဝ ခန့်ရှိ ကြောင်း၊ NGO အဖွဲ့အစည်းများမှလည်း ¤င်းတို့ကို အကူအညီပေးခြင်းများ မရှိ သေးကြောင်း သိရသည်။ ယင်းမိသားစု၏ စွန့်ပစ်ခြင်းကို ခံနေရသည့် မူးယစ်ဆေးစွဲ လူငယ်များမှာ ပျောက်ဆုံးနေသည့် ၄င်း တို့၏ ဘဝအနာဂတ်အတွက် အကူအညီ ပေးနိုင်သူများကို မျှော်လင့်လျက်ရှိကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats