ရွှေညောင်မြို့တွင် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်မြို့တွင် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ကမ္ဘောဇဘဏ်လီမိတက်မှ ကြီးမှူးကျင်းပသော အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ရွှေညောင်မြို့ရှိ ယန္တရားကွင်းတွင် ဇွန်လ ၁၇ ရက်၊ မွန်းလွဲပိုင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ရွှေညောင်၊ တောင်ကြီး အနီးဝန်းကျင်မှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေကနေ အသင်းလိုက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်။ အောင်သပြေ၊ စဥ့်ဟယ်၊ ဟဲဟိုး တို့ပေါ့။ ပြိုင်ပွဲဖြစ်မြောက်ဖို့ ကမ္ဘောဇဘဏ်လီမိတက်က သိန်း ၅၀ ထောက်ပံ့တယ်လို့ သိရတယ်။ ကမ္ဘောဇဘဏ်အသင်းလဲ ပါပါတယ်။ အသင်းကတော့ ၄၈ သင်း ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရတယ်" ဟု ရွှေညောင်မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးက ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ ပြောသည်။
.
အဆိုပါ အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင်လကုန်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၄ သိန်းနှင့် နေရာအလိုက် အကောင်းဆုံးဆုရရှိသူများကို ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats