NLD ပါတီ နာယက ဦးတင်ဦးကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် လားရှိုးမြို့တွင် ဆုတောင်းပွဲပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NLD ပါတီ နာယက ဦးတင်ဦးကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် လားရှိုးမြို့တွင် ဆုတောင်းပွဲပြုလုပ်



နောင် (မြစ်မခ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်ဘုရားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး ကျန်းမာရေး အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် မေ ၁၉ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ဆုတောင်းမေတ္တာပို့ပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် မေ ၁၇ ရက် ည ၁၁ နာရီခန့်က ၎င်း၏နေအိမ်ရေချိုးခန်း အတွင်း ရုတ်တရက်ချော်လဲကာဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရခြင်းကြောင့် ကျန်းမာ ရေးအမြန်ဆုံးပြန်ကောင်းမွန်လာစေရန်ရည်ရွယ်ကာ ဆုတောင်းမေတ္တာပို့သရခြင်းဖြစ်ကြောင်း သိရသည်။
.
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကကြီး ဦးတင်ဦး မကျန်းမမာဖြစ်နေရာကနေ ကျန်းကျန်းမာမာ၊ ချမ်း ချမ်း သာသာနဲ့ တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုး၊ ဒီထက်ပိုပြီးတော့ ထမ်းဆောင်နိုင်ပါစေဆိုပြီးတော့ ဆု တောင်းမေတ္တာ လာပြီးပို့သကြတာပါ" ဟု လားရှိုးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတ်ီဝင်  ဦးသန်းဌေးက ပြောသည်။
.
အဆိုပါဆုတောင်းပွဲသို့ သိန္နီမြို့နှင့် လားရှိုးမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ အဖွဲ့ဝင်များ၊ ဒေသခံအချို့တက်ရောက်ကာ “ဘဘနာယကကြီး ဦးတင်ဦး ကျန်းမာပါစေ၊ ဘဘနာယကကြီး ဦးတင်ဦး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ၊ ဘဘနာယကကြီး ဦးတင်ဦး အသက်ရာ ကျော်ရှည်ပါစေ။’’ဟု (၃)ကြိမ်တိုင်ရွတ်ဆိုကာ ဆုတောင်းမေတ္တာပို့ပေးခဲ့ကြကြောင်း သိရသည်။
.
ဦးတင်ဦး၏ ကျန်းမာရေးမှာ ယနေ့ မေ ၁၉ ရက်တွင် တိုးတက်ကောင်းမွန်လာသည့် အခြေအနေရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးထားသည်ဟု သိရကြောင်း ဦးသန်းဌေးက ပြောသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats