သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စားသုံးရန်မသင့်မုန့်များ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စားသုံးရန်မသင့်မုန့်များ ဖမ်းဆီးရမိ



ချစ်လှ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်မဲ့ ပစ္စည်းများ ဝင်ရောက်မှု မရှိစေရေးနှင့် ပြည်ပသို့ တရားမဝင်တင်ပို့မှု ပပျောက်စေရေးတို့အတွက် တာဝန်ကျ ဌာနဆိုင်ရာအဖွဲ့များမှ တားဆီးစစ်ဆေးလျက်ရှိရာ မေလ ၇ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့မောင်းနှင်လာသော ယာဉ်အမှတ် 1E/8481 (AA Express) ခရီးသည်တင်ယာဉ်ပေါ်မှ အကောက်ခွန်မဲ့တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Mi အမျိုးအစား လက်ကိုင်ဖုန်း အလုံး ၈ဝ နှင့် ယာဉ်အမှတ် GG/2726 ယာဉ်ပေါ်တွင် တရုတ်နိုင်ငံထုတ် စားသုံးရန်မသင့်သော မုန့်များအား တားဆီးဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.
ဖမ်းဆီးရမိ ပစ္စည်းများအား အသေးစိတ်စိစစ်ခြင်း၊ ကာလတန်ဖိုးများစိစစ်ခြင်းများ ဆောင်ရွက်ပြီး  လားရှိုးမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ပေးပို့သွားမည်ဖြစ်ကြောင်းသတင်းအရရှိသည်။
.
 
.
Kanbawza Tai News Journal

Journal Download

Photo of three cats