ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးအား အဆင့်ဆင့်လွှဲပြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးအား အဆင့်ဆင့်လွှဲပြောင်း



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာချီလိတ်လေဆိပ်၌ မေ ၅ ရက်က အကျည်းကျခံနေရာမှ ပြစ်ဒဏ်စေ့လွတ်မြောက်လာသည့် ပြည်နှင်တရားခံ တရုတ်နိုင်ငံသား နှစ်ဦးအား တာချီလိတ်လေဆိပ်မှ လေကြောင်းခရီးဖြင့် ခေါ်ဆောင်၍ လားရှိုးလေဆိပ်သို့ ပို့ဆောင် လွှဲပြောင်း ပြည်နှင်ခဲ့ကြောင်း တာချီလိတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။
.
.
အဆိုပါ ပြည်နှင်ဒဏ်အမိန့် ရရှိပြီးဖြစ်သော တရုတ်နိုင်ငံသား Mr.Wam Mi Kyone နှင့် Mr.Li Min Kyan တို့ ၂ ဦး အား  ကျိုင်းတုံမြို့နယ်ရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းရီနှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းထွန်းတို့ ဦးဆောင်၍ ကျိုင်းတုံအကျည်းထောင်မှ ထုတ်ယူကာ မော်တော်ယာဉ်ဖြင့် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ လည်းကောင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးစိန်လွင်နှင့် အငယ်တန်းစာရေး ဦးမျိုးမြင့် တို့မှ တာချီလိတ်လေဆိပ်မှ လေကြောင်းခရီးဖြင့် ခေါ်ဆောင်၍ လားရှိုးလေဆိပ်သို့ ဆက်လက်ပို့ ဆောင်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နှင်အဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။
.
တရုတ်နိုင်ငံသားနှစ်ဦးသည် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အနီးရှိ ငှက်ပျော်ခြံတွင် ခွင့်ပြုချက် တစ်စုံတစ်ရာမျှ မပါရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်သဖြင့် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ-၃(၁)ကို ကျူးလွန်၍ ယင်းဥပဒေပုဒ်မ - ၁၃(၁)အရ ပြစ်မှုအမှတ်(ပ)၁၁/၂ဝ၁၆၊ ရာကြီးမှု အမှတ်၊ ၃၁/၂ဝ၁၆ ဖြင့် မိုင်းယောင်းမြို့နယ်ရားရုံးမှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ရာ ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် ၆ လအပြင် ငွေဒဏ် ကျပ် ၂၅ဝဝဝဝဝ ပေးဆောင်စေပြီး ၂ဝ၁၇ ခုနှစ်၊ မေ ၅ ရက်နေ့တွင် အကျဉ်းကျခံနေရာမှ ပြစ်ဒဏ်စေ့ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats