တောင်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှ ပြေစာ မကပ်သည့်စားသောက်ဆိုင်များအပေါ် ဒဏ်ရိုက်သည့်စနစ် ဆက်လက်ကျင့်သုံးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှ ပြေစာ မကပ်သည့်စားသောက်ဆိုင်များအပေါ် ဒဏ်ရိုက်သည့်စနစ် ဆက်လက်ကျင့်သုံးမည်

မင်းမင်းစံ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခွန်ဦးစီးဌာနက ပြေစာတွင်အခွန်အမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင်များအပေါ် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ဒဏ်ရိုက်စနစ်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။






လက်ရှိလုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ(စ)အရ ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိခဲ့ပါက ယင်းသို့ပျက်ကွက်ခြင်းအပေါ် ပြေစာ(သို့မဟုတ်) ငွေလက်ခံရရှိကြောင်းအထောက်အထား
တန်ဖိုးအရ ကျသင့်အခွန်၏ ၁ဝဝ ရာခိုင်နှုန်းကို ထပ်မံပေးဆောင်ရမှာဖြစ်ကြောင်း သိရသည်။

''ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် စားသောက်စရိတ်က ငါးသောင်းဖိုးကျသင့်တယ်ဆိုရင် အဲဒီကျသင့်တန်ဖိုးရဲ့ ၁ဝဝ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်ငါးသောင်းကို ဒဏ်ငွေအဖြစ် ထပ်မံပေးဆောင်ရမှာဖြစ်ပါတယ်။ ပြီးရင် ပထမအကြိမ်ပျက်ကွက်ခဲ့တဲ့အတွက် ဒဏ်ငွေကျပ် ၂ သိန်း
ထပ်မံပေးဆောင်စေပါတယ်။ ဒဏ်ငွေသတ်မှတ်ချက်များအရ ပထမကြိမ်ပျက်ကွက်ရင် ငွေကျပ် ၁ သိန်း၊ ဒုတိယအကြိမ်ပျက်ကွက်ခဲ့ရင်ဒဏ်ငွေကျပ် ၃ သိန်းနဲ့ တတိယအကြိမ်ဆိုရင် ဒဏ်ငွေကျပ် ၇ သိန်း ပေးဆောင်ရပါလိမ့်မယ်။ တတိယအကြိမ်ထက်ပိုခဲ့ရင်တော့ ဒဏ်ငွေကျပ် ၁ဝ သိန်း ပေးဆောင်စေဖို့ သတ်မှတ်ထားပါတယ်''ဟု တောင်ကြီးမြို့ အခွန်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သီတာညိုမှ ကမ္ဘောဇတိုင်းသို့ ပြောပြသည်။

အဆိုပါပြေစာတွင် အခွန်အမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင်များအပေါ် ပြဋ္ဌာန်းထားသည့်ဥပဒေအရဒဏ်ရိုက်စနစ်ကို ၂ဝ၁၆-၁၇ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ရာ ၂ဝ၁၆-၁၇ ခုနှစ်အတွင်းပြေစာ၌အခွန်အမှတ်တံဆိပ်မကပ်သည့် စားသောက်ဆိုင် ၅ ဆိုင်၊ အမှု ၅ မှုမှ
ငွေကျပ် ၁ဝ၁၂၉၅၅၊ ဟိုတယ် ၁ လုံး ၁ မှုမှ ငွေကျပ် ၂ဝ၂၂၅ဝဖြင့် စုစုပေါင်းငွေကျပ် ၂ဝဝ၇ဝဝ တို့ ရရှိပြီးဖြစ်ကာ အဆိုပါပြေစာတွင် အခွန်အမှတ်တံဆိပ်မကပ်သည့် စားသောက်ဆိုင်များအပေါ် ယခုလို ဒဏ်ရိုက်စနစ်အား ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။

Journal Download

Photo of three cats