ကျိုင်းတုံခရိုင် မီးသတ်စခန်း အဆောက်အဦသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံခရိုင် မီးသတ်စခန်း အဆောက်အဦသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊၊ ကျိုင်းတုံခရိုင်မီးသတ်စခန်း အဆောက်အဦသစ်ဖွင့်ပွဲကို ကျိုင်းတုံမြို့၊ အမှတ်(၄) တိုးချဲ့ရပ်ကွက်ရှိ အဆိုပါ အဆောက်အဦသစ်တွင် မေလ ၂၆ ရက်ကကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 
.
.
အခမ်းအနားတွင် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှူး၊ညွှန်ကြားရေးမှူးမှ အဆောက်အဦနှင့်ပတ်သတ်၍ အကြောင်းအရာများစွာရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ အဆောက်အဦအား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
.

ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့စခန်း အဆောက်အဦကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အိမ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ပင်မစခန်းသည် အလျား ၁၂၀ ပေ၊ အနံ ၅၂ ပေ၊ အမြင့် ၂၆ ပေ၊ သံကူကွန်ကရစ် (၂)ထပ် အဆောက်အဦဖြစ်ကာ၊ ကျပ်ငွေ (၃၂၇.၁၈၇)သန်းကုန်ကျခဲ့ပြီး (၁၀၀×၄၀×၂၃) ရှိ လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ယာအတွက် ကျပ်ငွေ(၁၈၀.၃၂)သန်း ကုန်ကျခဲ့ကြောင်း ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့မှူးက ပြောသည်။
.
ယခုဖွင့်လှစ်သည့် မီးသတ်စခန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစီးတပ်ဖွဲ့ဝင် (၆၀)ဦး၊ မီးသတ်ယာဉ်(၆)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီးအပြင် မြို့နယ်မီးသတ်စန်းနှင့် အတူ  မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည ဖြစ်ကြောင်း သိရသည်။
.
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats