ကျိုင်းတုံတွင် မူးယစ်ရမ်းကားဒူးလေးဖြင့်ပစ်သဖြင့် လူတစ်ဦးသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် မူးယစ်ရမ်းကားဒူးလေးဖြင့်ပစ်သဖြင့် လူတစ်ဦးသေဆုံး



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းဝိုးရွာတွင် မေလ ၆ ရက်ညနေပိုင်းက ရွာသားတစ်ဦးမှ မူးယစ်ရမ်းကားကာ ဒူးလေးဖြင့်ပစ်သဖြင့် ကျေးရွာသားတစ်ဦးသေဆုံးခဲ့ပြီး တရားခံကိုဖမ်းဆီးအရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။
.
.
ဖြစ်စဉ်မှာ မေလ ၅ ရက်၊ ညနေ ၄ နာရီကျော်ခန့်က ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ယန်းဝိုးကျေးရွာနေ အိုက်ဆမ် (ခ) ရွှေအ (၄၃)နှစ်သည် ရွာလယ်တွင် သောက်စားမူးရစ်ရမ်းကားနေပြီး မင်္ဂလာဆောင်မှပြန်လာသည့် ဦးနန်းဆမ်တွီ (၆၈) နှစ်အား ၀ါးချွန်မျှားတံဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ ၀မ်းဗိုက်သို့ထိမှန်ပြီး မှောက်ရက်လဲကျစဉ် ထင်းခုတ်ဓားဖြင့် ဂုတ်သို့ တစ်ချက်ခုတ်ပြီး ဒူးလေးလက်ကိုင်ဖြင့် ထပ်မံရိုက်နှက်ထွက်ပြေးသွားခဲ့သည်ကို သေဆုံးသူ၏ သမီး မနန်းလာ(ခ)အီလာ ကိုယ်တိုင် မြင်တွေ့မြင်ခဲ့ရကြောင်း၊ သေသူအား ရွာထုံးစံအရ ညနေ ၆ နာရီတွင် မီးသဂြိုလ်ခဲ့ကြောင်း၊ လူသတ်ခံရမှုအတွက် သမီးဖြစ်သူမှ တိုင်တန်းသဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၇၃/၂၀၁၇၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး တရားခံကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် တရားခံမှာ ရွာတွင် မူးယစ်သောင်းကျန်း
နေကြောင်း သတင်းပို့ချက်အရ ၄င်း၏အိမ်သို့ရှာဖွေရာ သွေးစွန်းနေသည့်ဓား၊ ဒူးလေးနှင့် မြှားတံတို့ကိုတွေ့ရှိသိမ်းဆည်း ခဲ့ပြီး တရားခံကို ည ၇ နာရီ ၂၀ မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး အသတ်ခံရသူ၏ မီးသဂြိုလ်ရာမှကျန်ရစ်သည့် ဦးခေါင်းရိုးနှင့် တံတောင်ဆစ်အရိုး အပိုင်းအစများအား သမီးဖြစ်သူထံမှသိမ်းဆည်းခဲ့ပြီး ဓာတုဗေဒ၀န်ရုံးသို့ လူရိုးနှင့် သွေးများစမ်းသပ် စစ်ဆေးပေးရန် ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats