တောင်ကြီးမြို့တွင် တယ်လီနောနှင့်ပတ်သတ်သည့်အကြောင်းအရာများ ရှင်းလင်းပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် တယ်လီနောနှင့်ပတ်သတ်သည့်အကြောင်းအရာများ ရှင်းလင်းပြောကြား



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တယ်လီနောနှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းပွဲကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ Royal Taunggyi ဟိုတယ်၊ တယ်လီနောရုံးခန်းတွင် မေလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
"တယ်လီနောအနေနဲ့ မန္တလေးမြို့မှာ 4G ဝန်ဆောင်မှုရရှိအောင်လုပ်ဆောင်ပေးနေ ပါတယ်။ တောင်ကြီးမြို့တွင်လည်း 4G ဝန်ဆောင်မှုရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်တယ်။ အင်တာနက်ကို ကျယ်ကျယ် ပြန့်ပြန့်် သုံးpွဲလာတယ်။ ထို့အတူ တယ်လီနောအတွက် အင်တာနက် ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်မှာ တယ်လီနောဖုန်းတာဝါတိုင် ၅၃၅ တိုင်ရှိပြီး ကွန်ရက် လွှမ်းခြုံနိုင်အောင် လုပ်ဆောင်နေတယ်။ တယ်လီနောလက်လီဆိုင် ၇၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း" ဟု တယ်လီနောမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
.

တယ်လီနောသည် ဖြန့်ချီရေး စနစ်၌ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကြောင်း၊သုံးစွဲသူ ၁၉ သန်းရှိကာ လက်လီဆိုင် ၁ သိန်းနှင့် ဖြန့်ချိရေးကိုယ်စားလှယ် ၂၂၀ ဦး ရှိကြောင်း၊ တယ်လီနောမှ သုံးစွဲသူပြည်သူများအား အတတ်နိုင်ဆုံး ဝန်ဆောင်မှု ပေးသွားမည် ၄င်းမှ ဆက်လက်ပြောကြားခဲ့သည်။
.
တယ်လီနောကုမ္ပဏီမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိ တယ်လီနော လက်လီဆိုင်များတွင် တယ်လီနောနှင့်ပတ်သက်သည့်အကြောင်းအရာများ လိုက်လံရှင်းလင်းပြောကြားခဲ့ပြီး မေလ ၁၉ ရက်တွင် လည်း ရွှေညောင်မြို့ရှိ တယ်လီနောဖြန့်ချီရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats