မြောက်ကိုရီးယားနိုင်ငံမှ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ထပ်မံပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြောက်ကိုရီးယားနိုင်ငံမှ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ထပ်မံပြုလုပ်

မြောက်ကိုရီးယားနိုင်ငံသည် တနင်္လာနေ့တွင် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း တွင် ပြုလုပ်ခဲ့ပြီး အဆိုပါဒုံးကျည်သည် ၆မိနစ်ခန့် ပျံသန်းခဲ့ပြီးနောက်တွင် ဂျပန်ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ ကြောင်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်အစိုးရတို့က ထုတ်ပြန်ခဲ့ကြသည်။


မြောက်ကိုရီးယားတို့သည် နိုင်ငံအရှေ့တောင်ဘက်ရှိ ၀န်ဆန်မြို့မှ ဒေသစံတော်ချိန် မနက် ၅:၃၉ နာရီခန့်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ အရာရှိအကြီးအကဲဖြစ်သူတစ်ဦးက ပြောခဲ့ပြီး ဒုံးကျည်သည် စကာ့ဒ်အမျိုးအစားဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် ပစိဖိတ်ရေတပ်ဌာနချုပ်ကလည်း ၀န်ဆန်လေယာဉ်ကွင်းအနီး၌ မြောက်ကိုရီးယားတို့မှ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်းကို ၄င်းတို့သတိပြုမိခဲ့ကြောင်း ပြောခဲ့သည်။

“ဂျပန်ပင်လယ်ထဲကို ဒုံးကျည်ထိုးမကျသွားခင်အထိ ၄င်းသွားရာလမ်းကြောင်းအတိုင်း ၆ မိနစ်လောက် လိုက် ကြည့်ခဲ့ပါတယ်” ဟု ပစိတ်ဖိတ်ရေတပ်ဌာနချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါဒုံးကျည်သည် အရှေ့ဘက်သို့ဦးတည်လျက် ကီလိုမီတာ ၄၅၀ခန့် ပျံသန်းခဲ့ပြီး အမြင့်ကီလိုမီတာ ၅၆၀ ခန့်အထိရောက်ရှိခဲ့ကာ ဂျပန်ကုန်သွယ်ရေး ရေပိုင်နက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း တိုကျိုအစိုးရ၏ အဆိုအရ သိရသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်သည် ပြုံယမ်းအစိုးရ၏ ဒုံးကျည်စမ်းသပ်မှုနှင့် ပက်သက်၍ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို မနက် ၇:၃၀နာရီတွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်က သတင်းတင်ပြခဲ့သည်။
ယခုဖြစ်ရပ်နှင့်ပက်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထပ်ခါတလဲလဲ တားမြစ်နေတဲ့ကြားက ထပ်မံပြုလုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လုပ်ရပ်တွေနဲ့ပက်သက်လို့ ကျနော်တို့ လုံးဝသည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။


မြောက်ကိုရီးယား လေကြောင်းကာကွယ်ရေးဌာနချုပ် (NORAD) က ၄င်းတို့နိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်စမ်းသပ် မှုသည် မြောက်အမေရိကတိုက်ကို ခြိမ်းခြောက်သွားဖို့ မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုအကြိမ်နှင့်ဆိုလျှင် မြောက်ကိုရီးယားတို့၏ ဒုံးကျည်စမ်းသပ်မှုသည် ယခုလအတွင်း ကိုးကြိမ်ခန့်ရှိလာပြီ ဖြစ်ပြီး မွန်းဂျေးအင်သမ္မတလက်ထက်အတွင်း သုံးကြိမ်မြောက် စမ်းသပ်မှုတစ်ခုဖြစ်သည်။

Journal Download

Photo of three cats