ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား တရားမ၀င်လက်နက်နှင့်အတူ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား တရားမ၀င်လက်နက်နှင့်အတူ ဖမ်းဆီးရမိ



ထမံသီ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်တွင်  မူးယစ်ဆေးဝါးသုံးစွဲသူများအား တရားမ၀င်လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
.
.
သတင်းအရ ၂၀၁၇ခုနှစ် မေလ ၂၃ရက်နေ့ ညနေ ၄နာရီအချိန်ခန့်က ရပ်စောက်မြို့နယ် ယမ်း တွင်းငါးကြောင်ကျေးရွာအုပ်စု  မြို့ဆိုးကျေးရွာနေ ၀င်းငြိမ်းဦး(ခ)ဖိုးသား၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရ နယ်ထိန်းတာဝန်ခံ ရဲအုပ်မင်းမင်းစိုးက မြို့နယ်ရဲမှူး၏ မူး/စိတ် ၀င်ရောက် ဖမ်းဆီးခွင့် ၀ရမ်းအမှတ်(၉/၂၀၁၇)ဖြင့် ပင်ဖြစ်ရဲကင်းမှ ရဲအုပ်မျိုးမင်းဦး၊ နယ်ထိန်းရဲတပ်ကြပ် စောကျော် ကျော်နှင့် အဖွဲ့တို့မှ သက်သေများဖြစ်သည့် မြို့ဆိုးရွာ(၁၀)အိမ်မှူး၊ အတွင်းရေးမှူးတို့နှင့်အတူ ၀င်ရောက် ရှာဖွေရာ WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃)ပြား၊ ၄င်းနေအိမ်အိမ်ရာခေါင်းရင်းတွင် တင် ထားသည့် အလျား(၃)ပေခွဲခန့်ရှိ လက်လုပ်တူမီးသေနတ်(၁)လက်၊ အလျား(၂ပေနှင့် ၉လက်မ)လက်လုပ် တူ မီးသေနတ်(၁)လက်တို့နှင့် မူးယစ်ဆေးဝါးများသုံးစွဲရန်ရောက်ရှိနေသော ရပ်စောက်မြို့ နားအွန်ရွာနေ ခွန်သောင်းရွှေ၊ ရပ်စောက်မြိ့နယ် ဟီရီးရွာနေ ၀င်းနိုင်၊ တောင်ကြီးမြို့ ဘန့်ကွဲကျေးရွာနေ မောင်ခွဲတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထိုသို့ မူးယစ်ဆေးဝါးများလက်ဝယ် ထားရှိ/သုံးစွဲ/ရောင်းချနေသူ အဆိုပါလေးဦးအား တရားမ ၀င်လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ရပ်စောက်မြို့မရဲစခန်း တာဝန်ရှိသူမှ (ပ)၁၃/၂၀၁၇၊ မူး/စိတ်-၁၅/ ၁၆ (ဂ)၂၂(ခ)/၂၁ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats