လင်း​ခေးတွင်​ မသင်္ကာသူတစ်ဦးအား ​ခေါ်ယူစစ်ဆေးခဲ့ရာမှ ​မော်တော်ဆိုင်ကယ် ခိုးယူလာမှု ​ပေါ်ပေါက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်း​ခေးတွင်​ မသင်္ကာသူတစ်ဦးအား ​ခေါ်ယူစစ်ဆေးခဲ့ရာမှ ​မော်တော်ဆိုင်ကယ် ခိုးယူလာမှု ​ပေါ်ပေါက်

အယ်​လ်​စိုင်း၊ က​မ္ဘောဇတိုင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့တွင် မေလ ၂၂ရက်၊ နံနက် ၆ နာရီခွဲခန့်က မသင်္ကာသူ လူတစ်ဦးအား ​တွေ့ရှိ၍ တာဝန်ရှိသူတို့မှ ​ခေါ်ယူစစ်ဆေးခဲ့ရာမှ မော်တော်ဆိုင်ကယ် တစ်စီးအား ခိုးယူလာမှု ​ပေါ်ပေါက်၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ လင်းခေးမြို့၊၊ ရွာမကြီး အနောက်ရပ်ကွက်၊မူလတန်းကျောင်း၏ အနောက်ဘက် လင်းခေး-မိုင်းပန်သွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ မော်တော်ဆိုင်ကယ် တစ်စီးအား တွန်းလာသည့်​ မသင်္ကာဖွယ် အမျိုးသားအား ​တွေ့ရှိခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းမာလာက ရဲတပ်​ဖွဲ့သို့ တယ်လီဖုန်းဖြင့် သတင်းပေးချက်အရ လင်းခေးမြို့မရဲတပ်ဖွဲ့ စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးခိုင်ဦးနှင့် တပ်ဖွဲ့ဝင်​များက ​ခေါ်ယူမေးမြန်းစစ်ဆေး ကြည့်ခဲ့ရာ ဇော်ဖြိုးအောင်(၂၀)နှစ်၊(အဘ) ဦးအောင်မင်း၊ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ်၊ကျုံဒနီးကျေးရွာ သုခ၀တီရပ်ကွက် ​နေထိုင်သူဖြစ်​ပြီး ၆ယ/၂၅၅၀၅၈ တရုတ်မော်တော်ဆိုင်ကယ် Honda dream-125 အနက်ရောင် ဆိုင်ကယ် တစ်စီးအား ခိုးယူလာ​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့ခြင်း ဖြစ်​​ကြောင်း သိရသည်​။



အဆိုပါ ဆိုင်​ကယ်​ ခိုးယူသူ ​ဇော်ဖြိုးအောင်နှင့် သက်သေခံပစ္စည်းများကို ရဲတပ်​ဖွဲ့မှ သက်သေများ ​ရှေ့မှောက်၌ ဖမ်းဆီး သိမ်းဆည်းခဲ့ပြီး (ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ။

Journal Download

Photo of three cats