မိုင်းယောင်းတွင် လင်မယားချင်း ရန်ဖြစ်ရာမှဓားဖြင့်ခုတ်၍ သေကြောင်းကြံစည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် လင်မယားချင်း ရန်ဖြစ်ရာမှဓားဖြင့်ခုတ်၍ သေကြောင်းကြံစည်



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
မေလ ၁၇ ရက် ည ၁၀ နာရီခန့်က  ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယောင်းမှ ၈ မိုင်ခန့်အကွာ မုန်းလိုက်ကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာတွင် လင်မယားချင်း စကားများရန်ဖြစ်ရာ ယောက်ျားဖြစ်သူမှ ဓားဖြင့် မိန်းမဖြစ်သူကို ခုတ်ပြီး ၄င်းမှာလည်း မိမိကိုယ်မိမိ လည်ပင်းအားလှီးဖြတ်သည့် ဒဏ်ရာများရရှိနေသည်ဟုကျေးရွာမှ ဦးဒါရီ ဆိုသူကဖုန်းဆက် အကြောင်းကြားလာမှုကြောင့် ရဲစခန်းမှသွားရောက်စစ်ဆေးရာ ကျူးလွန်သည့်လက်နက်များကို ရှာဖွေပုံစံဖြင့် သက်သေများ ရှေ့တွင်သိမ်းယူပြီး မှတ်တမ်းများရယူကာ ဒဏ်ရာများဖြင့်တွေ့ရှိရသူလင်မယားနှစ်ဦးစလုံးအား ရဲဆေးစာဖြင့် မိုင်းယောင်း ပြည်သူ့ ဆေးရုံသို့ တင်ပို့ထားကြောင်း မိုင်းယောင်းမြို့မရဲစခန်းမှသတင်းရရှိသည်။
.
.
ဖြစ်စဉ်မှာ မေလ ၁၇ ရက်၊ ညနေ ၆ နာရီခန့်တွင် ပါဆန်းကျေးရွာ၊ ငါးကန်အနီး ရာဘာခြံစောင့်လုပ်သား အိုက်ရှုး (၃၅ နှစ်) သည် ၄င်း၏ဇနီးဖြစ်သူ မနာရှော (၂၅ နှစ်) နှင့် စကားများရန်ဖြစ်ရာမှ အသွား ၁၅ လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့် ခုတ်သဖြင့် မနာရှောတွင် ယာဘက်လက်မောင်း၊ လက်ဖျံတို့နှင့် ယာဘက်ပါးတွင်ဒဏ်ရာများရရှိကာ ဓားဖြင့်ခုတ်သူ အိုက်ရှုးမှာလည်း မိမိ ကိုယ်မိမိ အသွား ၃ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် လည်ပင်းအားလှီးဖြတ်ရာ စိုးရိမ်ဒဏ်ရာများရရှိသဖြင့် ရဲဆေးစာဖြင့် မိုင်းယောင်း ဆေးရုံသို့ တင်ပို့ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။
.
ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိကိုယ်မိမိ သေကြောင်းကြံသူ အိုက်ရှုးအား မိုင်းယောင်းမြို့မရဲစခန်းမှ (ပ)၃၆/၂၀၁၇၊ ပုဒ်မ ၃၀၉
ဖြင့် ဖွင့်လှစ်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats