မိုးမိတ်တွင် အခြေခံပညာအုပ်စုအဆင့် ပထမတန်းသင်ရိုးသစ် သင်တန်းဆွေးနွေးပွဲ ကျင်းပခြင်း အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးမိတ်တွင် အခြေခံပညာအုပ်စုအဆင့် ပထမတန်းသင်ရိုးသစ် သင်တန်းဆွေးနွေးပွဲ ကျင်းပခြင်း အခမ်းအနား ပြုလုပ်

စိုင်းစိုင်း(မိုးမိတ်)၊ ကမ္ဘောဇတိုင်း



ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာမြင်းမိုရ်ခန်းမ၌ (၁၁.၅.၂၀၁၇) ရက်နေ့တွင် အခြေခံပညာအုပ်စုအဆင့် ပထမတန်းသင်ရိုးသစ် သင်တန်းဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။



အဆိုပါ ၂၀၁၇ ခုနှစ်၊ အခြေခံပညာအုပ်စုအဆင့် ပထမတန်းသင်ရိုးသစ် သင်တန်းဆွေးနွေးပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့မှ အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူးဖြစ်သော ဒေါ်သန်းတင်၊ ကျောင်းအုပ်ဆရာမကြီး၊ အထက- မန်ကျည်းပင်မှ သင်တန်းနှင့်ပတ်သက်သော သင်တန်းတွင်သင်ကြားမည့်အကြောင်းအရာများ၊ သင်တန်း သားများလိုက်နာရန် စည်းကမ်းချက်များစသည့်အချက်အလက်များ ပြောကြားကာ သင်တန်းအုပ်စု နှစ်စုဖြင့် သင်ကြားနေခြင်းဖြစ်ကာ သင်တန်းကို မေလ ၁၁ ရက်မှ မေလ ၂၂ ရက်ထိ  အထက-မိုးမိတ်တွင် သင်တန်းသား/သူ (၁၇၄)ဦးဖြင့်လည်းကောင်း၊ အထက-မန်ကျည်းပင်တွင် သင်တန်းသား/သူ (၁၂၉)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ကြောင်း သိရသည်။



Journal Download

Photo of three cats