နောင်တရားတွင် လေပြင်းတိုက်ခိုက်ခြင်းကြောင့်အိမ်ခေါင်မိုးပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တရားတွင် လေပြင်းတိုက်ခိုက်ခြင်းကြောင့်အိမ်ခေါင်မိုးပျက်စီး



ခွန်အောင်ဟန်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ နန်းပုလင်းအုပ်စု ပင်ခါးရွာတွင် မေလ ၂၄ ရက် ကမွန်းလွဲ ၂ နာရီခွဲအချိန်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခြင်းကြောင့် နေအိမ်အချို့ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါလေပြင်းတိုက်ခိုက်ခြင်းကြောင့် ပင်ခါးရွာနေ ဦးမတ်၏နေအိမ် ထရံကာ သွပ်မိုး အိမ်သည် ခေါင်မိုးပွင့်ပြီး ပျက်စီးခဲ့ပြီး ဦးရန်ငြိမ်း၏ သွပ်မိုး အုတ်ကာ တစ်ထပ်နေအိမ်သည်လည်း ခေါင်မိုးပွင့်ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ် ၄ သိန်းခန့်ဖြစ်ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats