ကျိုင်းတုံမြို့ ၀စီပိတ်ဆရာတော် မွေးနေ့အလှူပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ပူဇော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့ ၀စီပိတ်ဆရာတော် မွေးနေ့အလှူပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ပူဇော်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာရှိ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူသော ၀စီပိတ်ဆရာတော် ဥူးကောဝိဒ၏ သက်တော်(၆၀)ပြည့် ၀ိဇာတပူဇာမွေးနေ့မင်္ဂလာနှင့် ကံထပ်အလှူတော်အား မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းတပ်မတော် အရာရှိကြီးများက တက်ရောက် ပူဇော်ခဲ့ကြကြောင်း ပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

 Photo - Yan Naing

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နှစ်စဉ်ကျင်းပသည့် ၀စီပိတ်ဆရာတော်၏ မွေးနေ့တော်ကို လာရောက်လှူဒါန်းလေ့ရှိကြောင်း၊ ယခုမွေးနေ့ပွဲတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီး အပါအ၀င် ဆရာတော်ကြီးများ၊ ကြွရောက်ချီးမြင့်သကဲ့သို့ ထိုင်းတပ်မတော်မှအရာရှိကြီးများလည်း လာရောက် လှူဒါန်းခဲ့ကြသည်ဟု သာသနာရေးဦးစီးဌာနမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ(၁၃)ရက်နေ့ကလည်း ကျိုင်းတုံမြို့၊ ပန်ကွဲရွာတွင် အဘယမုဒဒ္ဒြာဆင်းတုတော် တည်ဆောက်ပူဇော်ခြင်းနှင့် ဗုဒ္ဓဥယျဉ်တည်ဆောက်ရန်အတွက် ဒုတိယအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


 Photo - Yan Naing

Journal Download

Photo of three cats