တာချီလိတ်လူကုန်တားတပ်ဖွဲ့မှ ထိုင်းနိုင်ငံသို့သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ဆုံပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်လူကုန်တားတပ်ဖွဲ့မှ ထိုင်းနိုင်ငံသို့သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ဆုံပညာပေး



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စိတ်မှူး ရဲမှူးဒေါ်ရင်ရင်အေးနှင့် တပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံအတွင်း တရားဝင်ယာယီနိုင်ငံကူးလက်မှတ်၊ ပန်းရောင်အလုပ်သမားကတ်များကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံ၏အလုပ်ရှင်ကိုယ်စားလှယ်များ၊ ကုမ္ပဏီ ကိုယ်စားလှယ် တို့နှင့်လူကုန်တားရုံးတွင် မေလ ၂၆ ရက်နေ့ ညနေပိုင်းကတွေ့ဆုံကာ လိုအပ်သည်များ ဟောပြော ပညာပေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
.
.
ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၇ မတ်လ ၁၃ ရက်နေ့ကစတင်၍ ထိုင်းနိုင်ငံ(၆)နေရာ၌ ပန်းရောင်ကတ်ကိုင်ဆောင်သူ များ အတွက် အစိမ်းရောင်(CI)စာအုပ် စတင်ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ ပန်းရောင်ကတ်ကိုင်ဆောင်သူများ လိုက်နာရ မည့်ဆောင်ရန်/ရှောင်ရန်အချက်များ၊ အလုပ်ရှင်ခွင့်ပြုချက်မရှိဘဲ နယ်မြေကျော်လုပ်ကိုင်ခြင်း၊ အလုပ်ရှင်/နယ်မြေကျော်လုပ် ကိုင်ပါကသက်ဆိုင်ရာ အလုပ်သမားရုံးများတွင် သွားရောက် သတင်းပို့လုပ်ကိုင်ကြရန်၊ မိမိတို့နေထိုင်လုပ်ကိုင်ရာ ဒေသန္တရ ထုတ်ပြန်ထားရှိသော စည်းကမ်းချက်များအတိုင်း နေထိုင်သွားလာလုပ်ကိုင်ကြရန် ရှင်းလင်းမှာကြားခဲ့ပြီး လိုအပ်ပါက ဆက်သွယ် နိုင်ရန်လိပ်စာကတ်များနှင့် ရွှေ့ပြောင်းလုပ်သားများ သိသင့်သိထိုက်သည့် အချက်များပါ လက်ကမ်းစာစောင်များကို ဝေငှပေး ခဲ့ကြောင်းသိရှိရသည်။
.

“ ၁၃ ယောက်က အလည် PV Passport တွေဖြစ်နေတယ်၊ အလုပ် PJ Passport  မဟုတ်ရင် ထိုင်းနိုင်ငံထဲတစ်နေရာရာ မှ ပြဿနာကြုံတွေ့နိုင်လို့ သူတို့အခက်အခဲ ကို အမြန်ဖြေရှင်းနိုင်အောင် ပြောကြားပေးခဲ့ပါတယ်“ဟု ရဲအုပ်လှဖုန်းကဆိုသည်။
.
ယင်းတွေ့ဆုံမှုဟောပြောမှုတွင် တာချီလိတ် ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ကျိုင်းတုံမြို့သို့ PJ Passport သွားရောက် ပြုလုပ်ပြီး ထိုင်းနိုင်ငံအတွင်းပြန်လည်ဝင်ရောက် မည့် မြန်မာနိုင်ငံမိုးကုတ်စက်ဝိုင်း ၀န်ဆောင်မှု ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးမျိုးသန့် ဦးဆောင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကျား(၁၆)ဦး၊ မ(၁၇) ဦး စုစုပေါင်း(၃၃)ဦးအပြင် ထိုင်းနိုင်ငံမှ အလုပ်ရှင်များ၏ ကိုယ် စားလှယ်များများပါ ပါဝင်ကြောင်း တွေ့ဆုံမှုကို ညနေ၅နာရီ၁၀မိနစ်မှ ၅နာရီခွဲအထိပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats