လွိုင်လင်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်



လွိုင်လင်မိုး၊ ကမ္ဘောဇတိုင်း
.
၂၀၁၇ ခုနှစ် ၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လွိုင်လင်မြို့ ၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ မေလ ၂၃ ရက် နံနက်ပိုင်းမှစတင်၍ လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက် ၊ ပင်လုံအမှတ်(၄)ရပ်ကွက် နှင့်ပင်လုံအရှေ့ကျေးရွာ အုပ်စု(၃)စုမှ တောင်သစူ(၆၃)ဦး ၊ အစုအဖွဲ့(၂၃)ဖွဲ့သို့ စပါး(၂၁၇ ) ဧက အတွက် မိုးရာသီသီးနှံ ထုတ်ချေးမှု ဘဏ်ချေးငွေ ကျပ်(၃၂.၅)သိန်းအားထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
.
.
အဆိုပါ ဘဏ်ချေးငွေ ထုတ်ချေးပေးရာနေရာသို့ လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ  တောင်သူများ တက်ရောက်ကြသည်။ အလားတူ  လွိုင်လင်ခရိုင် အတွင်းရှိ လွိုင်လင်မြို့နယ်သို့ ကျပ်သိန်း(၂၆၀၀) ၊ နမ့်စန်မြို့နယ်သို့ ကျပ်သိန်း( ၉၆၇၅) ၊ ကွန်ဟိန်းမြို့နယ်သို့ကျပ်သိန်း(၁၅၀၀) ၊ လဲချားမြို့နယ်သို့ ကျပ်သိန်း( ၃၉၀၀) ၊ မိုင်းကိုင်မြို့နယ်သို့ကျပ်သိန်း(၉၇၅၀၀ နှင့် လင်းခေးခရိုင်ရှိ ၊ မိုးနဲမြို့နယ်သို့ကျပ်သိန်း(၄၉၅၀) ၊ မောက်မယ်မြို့နယ်သို့ကျပ်သိန်း(၂၁၀၀) ၊ စုစုပေါင်း ကျပ်သိန်း( ၃၄၄၇၅)အား ထုတ်ချေးပေးရန်လျာထားကြောင်း နှင့် ထုတ်ချေးပေးရန်ငွေများကို မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၊ စါးတစ်ဧကလျင် ကျပ်(၁၅၀၀၀)နှုန်း ၊ အခြားသီးနှံတစ်ဧကလျင် ကျပ်(၅၀၀၀၀) နှုန်း နှင့် ကြံတစ်ဧက ချေးငွေနှုန်းကျပ်(၁၀၀၀၀၀)နှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း လွိုင်လင်မြို့ ၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ  မန်နေဂျာ ဦးကြည်စိုး ထံမှသိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats