အောင်ပန်းမြို့တွင် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းရုံးနှင့် ရှုထောင့်သတင်းမီဒီယာရုံး ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့တွင် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းရုံးနှင့် ရှုထောင့်သတင်းမီဒီယာရုံး ဖွင့်လှစ်



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မေလ ၂၂ ရက် နံနက်က မှုခင်းသတင်းထောက်များ အသင်းရုံးနှင့် “ရှုထောင့်” သတင်းမီဒီယာရုံး ဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


“အခြေခံမူ ၅ ချက်နဲ့ အညီ လူထု မှုခင်းပြဿနာတွေ ကြုံရရင် ဥပဒေရဲ့ မှန်ကန်မှုကို ရရှိခံစားနိုင်ဖို့၊ အသင်းအနေနဲ့လည်း ဥပဒေဆိုင်ရာ အထောက်အကူပြုဖို့နဲ့ လူထုအတွက် သတင်းမှန်တွေဖြန့်ချိနိုင်ရေး ရည်ရွယ်လုပ်ဆောင်နေပါတယ်" အဆိုပါအသင်း ဥက္ကဌ ဦးသန်းအောင်ထံက ပြောကြားသည်။

လတ်တလောတွင် မှုခင်းသတင်းထောက် ၈ ဦိးရှိပြီး အခြားမြို့နယ်များတွင်လည်း တစ်ပိုင်တစ်နိုင်လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း၊ အထူးသဖြင့် သတင်းမှန်မှုနှင့် လူထုအကျိုးပြုမှုကို ဦးစားပေးထားပါကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ အသင်းဖွင့်ပွဲကို အောင်ပန်းမြို့ သမခန်းမတွင် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းထောက်များအသင်း (ဗဟို-အဖွဲ့ချုပ်)ဥက္ကဌ မှ တက်ရောက်၍ အသင်းရုံးဖွင့်လှစ်ရခြင်းအား ရှင်းလင်းတင်ပြခြင်း၊ ရုံးခွဲ ဖွဲ့စည်းခွင့် အတည်ပြုကတ်ပြား ပေးအပ်ခြင်း၊ အမှုဆောင်စာရင်းအား ဖတ်ကြားအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Journal Download

Photo of three cats