မဟနအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံသည့်အနေဖြင့် တောင်ကြီးမြို့၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မဟနအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံသည့်အနေဖြင့် တောင်ကြီးမြို့၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံကျောင်းတိုက်တွင် မဘသ အမည်သုံးစွဲ၍ မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်နှင့် မဘသ ဆိုင်းဘုတ်များဖြုတ်ချရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) အဖွဲ့ဝင် ဆရာတော်များ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများမှ မေလ ၂၅ ရက် နံနက်ပိုင်းအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
.

.

“ဒီနေ့ ကျောင်းတိုက်အတွင်းမှာ သန့်ရှင်းရေးလုပ်ကိုင်ဆောင်ရွက် တာကို ဆရာတော်လည်း ကြိုသိထားခြင်း မရှိပါဘူး။ ရပ်ကွက်နေ ဒါယကာ/ဒါယိကာမတွေရောက် ရှိလာလို့ မေးမှ အလုံးစုံသိရတယ်။ ဆရာတော် အနေနဲ့လည်း မဟန ဆရာတော်ကြီးများရဲ့ ကြီးမားတဲ့ အမြော်အမြင်နဲ့ အခုလို ဆောင်ရွက်ခြင်းကိုလည်း ဝမ်းသာကျေနပ်ပြီး ကြိုဆိုပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက် ရှေ့ကိုကြိုးစားပြီးသွားနေတဲ့အချိန်အခါမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူအားလုံးတို့က ညီညီညွှတ်ညွှတ်လိုက်ပါဆောင်ရွက်ကြဖို့ လိုသလို ဗုဒ္ဓဘာသာခံယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘာသာရေးကို အလွဲသုံးစား မလုပ်ဖို့နဲ့ ဘုန်းတော်ကြီးတွေကလည်း အသုံးချခံ ဘုန်းတော်ကြီးတွေ မဖြစ်ကြဖို့ လိုအပ်ပါတယ်”  ဟု အောင်မြေဘုံစံကျောင်းတိုက်မှ  ၈၈၈၈ ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက မိန့်ကြားခဲ့သည်။
.
စုပေါင်းသန့်ရှင်းရေးပြုလုပ်သည့် ရပ်ကွက်နေပြည်သူတစ်ဦးမှ သန့်ရှင်းရေးလုပ်ရခြင်းသည် မဟန၏ ဆုံးဖြတ် ချက်ကို ထောက်ခံသောကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မဟန ဆရာတော်များ၏ လုပ်ထုံးလုပ်နည်း သည် အမှန်တရားဖြစ်သောကြောင့် အထိမ်းအမှတ်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြောင်း ပြောသည်။
.
အဆိုပါ သန့်ရှင်းရေးပြုလုပ်မှုကို တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်နေ ပြည်သူများ ၂၀၀ ဦးခန့် လုပ်အားပေးပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats