Myanmar Idol Season 2 မှ 1st Runner Up ဆုရှင် တောင်ကြီးသူ ဘီလီလမင်းအေး အမေရိကန်နိုင်ငံရှိ မြို့ကြီးများသို့ တေးသီချင်းများ သွားရောက်ဖျော်ဖြေမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, April 12, 2017

Myanmar Idol Season 2 မှ 1st Runner Up ဆုရှင် တောင်ကြီးသူ ဘီလီလမင်းအေး အမေရိကန်နိုင်ငံရှိ မြို့ကြီးများသို့ တေးသီချင်းများ သွားရောက်ဖျော်ဖြေမည်



ထမံသီ၊ ကမ္ဘောဇတိုင်း
.
Myanmar Idol Season 2 မှ 1st Runner Up ဆုရှင် တောင်ကြီးသူ ဘီလီလမင်းအေးမှ ဇွန်လအတွင်း၌ အမေရိကန်နိုင်ငံတွင်ကျင်းပမည့် Miss Myanmar USA Pageant ပြိုင်ပွဲနှင့် အမေရိကန်နိုင်ငံရှိ အခြား မြို့ကြီးများသို့ တေးသီချင်းများဖြင့် သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သူမ၏မန်နေဂျာဖြစ်သူ မခိုင် ကြည်စိုးထံမှ သိရသည်။
.
.
“အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Myanmar USA Pageant ပွဲမှာ မြန်မာနိုင်ငံက တခြား နာမည် ကျော်အဆိုတော်တွေနဲ့အတူ သွားရောက်ဖျော်ဖြေပေးရမှာ ဖြစ်ပါတယ်။ အဲဒီပွဲပြီးခဲ့ရင် တစ်ဆက် တည်းမှာပဲ BILLY LA MIN AYE,S TOUR USA 2017 အစီအစဉ်နဲ့ အမေရိကန်နိုင်ငံ Los Angeles, San Francisco, Las Vegas မြို့သုံးမြို့မှာ လှည့်လည်ဖျော်ဖြေပေးဖို့ ဖိတ်ကြားထားတဲ့အတွက်  Free Show အ နေနဲ့ဖျော်ဖြေပေးသွားမှာပါ။ နောက်ထပ်လည်း အမေရိကန်နိုင်ငံမှာရှိတဲ့ တခြားမြို့တွေကလှမ်းပြီး ဖိတ် ကြားထားတာတွေရှိပါတယ်။ ဘီလီက Myanmar Idol နဲ့လဲ တစ်နှစ်စာချုပ် ချုပ်ဆိုပြီးဖြစ်တဲ့အတွက် သူတို့ ခွင့်ပြုချက်လည်း စောင့်ရပါတယ်။ သူတို့ခွင့်ပြုပြီဆိုတာနဲ့ သွားရောက်ဖျော်ဖြေမှာပါ။ ရုပ်ရှင်သရုပ်ဆောင် လုပ်ဖို့အတွက်ကတော့ လောလောဆယ်အစီအစဉ်မရှိသေးပါဘူး” ဟု သူမ၏မန်နေဂျာ မခိုင်ကြည်စိုးမှ ပြောကြားခဲ့သည်။
.

သူမအနေဖြင့် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် မြန်မာ့သွေးပါ အမေရိကန်အမျိုးသမီးများနှင့် ပထမအကြိမ် Miss Myanmar USA Pageant ပြိုင်ပွဲတွင် သီဆိုဖျော်ဖြေရန် မြန်မာနိုင်ငံမှ တိုင်းရင်းသားအဆိုတော် များဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ ဆုန်သင်းပါရ်၊ မိမွန်မွန်သိုက်၊ Mဇော်ရိန်၊ စောလားထော်ဝါးတို့နှင့်အတူ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လအတွင်း၌ သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။
.
.
.
Kanbawza Tai News Journal

Recent Tube