UWSA ဌာနချုပ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃ဝ) ပြည့်ပွဲသို့ မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

UWSA ဌာနချုပ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃ဝ) ပြည့်ပွဲသို့ မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ''''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း မြို့တွင် အစိုးရနှင့် ''''ပြည် သွေး စည်းညီညွတ်ရေးပါတီ UWSP.UWSA တို့အကြား ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃ဝ) ပြည့်အထိမ်း အမှတ်ပွဲကိုလာမည့် ဧပြီလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မည် သူမဆို တက်ရောက်နိုင်ကြောင်း လားရှိုးမြို့အခြေစိုက် '''' ပြင်ပ ဆက်ဆံရေးရုံးမှ သိရသည်။
.
 .
''ပွဲတော် မကျင်းပခင် တစ်ပတ် အလိုမှာ ရှမ်းမြောက်က သွားမယ် ဆိုရင် ရုံးမှာထောက်ခံချက် လာယူရ မှာပါ''ဟု လားရှိုးမြို့ အခြေစိုက် ''''ပြင်ပဆက်ဆံရေးတာဝန်ခံ ဦး ညီရမ်းက ပြောကြားသည်။
.
အစိုးရနှင့်''''ပြည် သွေးစည်း ညီညွတ်ရေးပါတီတို့၏ နှစ်ဘက် တပ်များသည် အပစ်အခတ် ရပ်စဲ ရေး၊ ငြိမ်းချမ်းရေးမူများ အကောင် အထည်ဖော်နိုင်ရန်အတွက် ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်မှ စတင် ကာ သဘောတူညီခဲ့သော ငြိမ်းချမ်းရေး သက်တမ်းသည် လာမည့် ၂ဝ၁၉ ခုနှစ်၊  ဧပြီလ ၁၇ ရက်တွင် နှစ် ၃ဝ ပြည့်မြောက်ပြီ ဖြစ်သဖြင့် အဆိုပါ နှစ် (၃ဝ) ပြည့် အခမ်းအနားအား ငြိမ်းချမ်းရေးပွဲတော်အဖြစ် ''''ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့ရှိ UWSA ဌာနချုပ်စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း/ ပြည်ပ သံတမန်များ၊ ကုလသမဂ္ဂဆိုင် ရာအဖွဲ့အစည်းများနှင့် စာနယ်ဇင်း များ၊ INGO နှင့် ပြည်တွင်း NGO များ၊ အများပြည်သူများ အားလုံး တက်ရောက်နိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
.
''''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ပန်ဆန်းမြို့သို့ လားရှိုး-တန့် ယန်း-ပန်ဆန်း လမ်းကြောင်းမှလည်း ကောင်း၊ လားရှိုး-ဟိုပန်-မိုင်းမော-ပန်ဆန်း လမ်းကြောင်းမှလည်း ကောင်း၊ ကျိုင်းတုံ-မိုင်းခတ်မိုင်း ယန်း-မိုင်းဖျန်-ပန်ဆန်းလမ်း ကြောင်းတို့မှ လည်းကောင်းသွား ရောက်နိုင်ကြောင်း သိရသည်။
.
အဆိုပါ ငြိမ်းချမ်းရေး တည်ထောင်မှု နှစ် (၃ဝ) ပြည့်ပွဲတော်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၃ဝ ရက်မတိုင်မီ '''' ဒေသတွင် ပြစ်ဒဏ်ကျခံနေရသူများ ကို မူးယစ်ဆေးဝါးပြစ်မှုများမှအပ ပြစ်ဒဏ်တစ်ဝက် လျှော့ခံစားခွင့် ပေးအပ်သွားမည်ဖြစ်ပြီး ကူးစက်ရော ဂါရှိသူများအား ချက်ချင်းလွှတ်ခွင့် ပေးသွားရန်ရှိကြောင်း သိရသည်။
.
ယခုအခါ ပန်ဆန်းမြို့ရှိ စစ်ရေး ပြကွင်းတွင် ငြိမ်းချမ်းရေးတည် ဆောက်မှု နှစ် (၃ဝ) ပြည့်အထိမ်းအ မှတ်ပွဲ ပြုလုပ်နိုင်ရန်အတွက် စစ် ရေးပြလေ့ကျင့်မှုများပြုလုပ်လျက် ရှိ ကြောင်း သိရသည်။
.
၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံအခန်းတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်း မောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန် မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်တို့အား ခရိုင် ၂ ခု ဖွဲ့စည်းပြီး ''''ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းအဖြစ် သတ်မှတ်ကြောင်းဖော် ပြထားသည်။
.

No comments:

Post a Comment