နယ်စည်းမခြားပရဟိတ(သီပေါ)အသင်းအား SNLD (ရှမ်းပြည်နယ်မြောက်ပိုင်း ကော်မတီ)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, March 11, 2019

နယ်စည်းမခြားပရဟိတ(သီပေါ)အသင်းအား SNLD (ရှမ်းပြည်နယ်မြောက်ပိုင်း ကော်မတီ)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်


နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ တိုက်ပွဲရှောင် ပြည်သူများအား လူသားချင်းစာနာမှုဖြင့် ကူညီကယ်ဆယ်ခဲ့ သော နယ်စည်းမခြားပရဟိတ(သီပေါ)’’ အသင်းအား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ရှမ်းပြည်နယ်မြောက်ပိုင်း ကော်မတီ)မှ ဂုဏ်ပြုမှတ်တမ်းလွှာကို မတ် ၁၀ ရက်က ပေးအပ်လိုက်ကြောင်း သိရှိရသည်။
.
လူသားချင်းစာနာစိတ်ဖြင့် တိုက်ပွဲဖြစ်ပွားနေသော ဒေသတွင်းမှ ပိတ်မိကာ ကူညီမဲ့နေသော ဒေသခံ ရွာသူ/ သားများအား မိမိအသက်ကို ပဓါနမထား ကူညီပေးခဲ့ခြင်းကြောင့် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်တို့ တိုက်ပွဲရှောင်တွေကိုကူညီနေရင်းကနေ ဂုဏ်ပြုပွဲလုပ်ပေးမယ်ဆိုလို့ ပြန်လာပြီးလုပ်ဖြစ်တာပါ။ ဂုဏ်ပြုပေးတဲ့ အဖွဲ့တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အစိုးရနဲ့ ပြည်သူတွေအားလုံးက ပရဟိတ အသင်းအဖွဲ့တွေကို အသိမှတ်ပြုပြီးတော့ ၀ိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ်။’’ ဟု နယ်စည်းမခြား ပရဟိတ အသင်း(သီပေါ)မှ အဖွဲ့ခေါင်းဆောင် ကိုမျိုးမြင့်လွင်က ပြောသည်။
.

အမှန်တကယ် ဒုက္ခရောက်နေသူများသွားရောက်ကူညီသော အသင်းအဖွဲ့များသာ လုပ်ဆောင်ပေးနေရခြင်း ကြောင့် ကူညီပေးနေသော အဖွဲ့များ အမှန်တကယ်လိုအပ်သည်မှာ အားလုံး၏ အားကိုသာ လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
.
ကျွန်တော် ၂၀၁၂ မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ နယ်စည်းမခြား ပရဟိအသင်း အမည်ပြောင်းလိုက်တာက ၂၀၁၇ ခုနှစ်မှာပါ။ အသင်းဝင် ၄၀ ကျော်နဲ့ လုပ်ဆောင်နေတာပါ။’’ဟု ၎င်းက ဆက်ပြောသည်။
.
နယ်စည်းမခြားပရဟိတ(သီပေါ)’’ အသင်းမှာ ဒုက္ခရောက်နေသော ပြည်သူများအား သက်စွန့်ဆံဖျား ကူညီ ကယ်ဆယ်ခြင်း ပရဟိတ ပီသစွာ လူမျိုးမရွေး လူသားချင်းစာနာမှုသက်သက်ဖြင့် အချိန်မရွေး ကူညီခြင်းအပြင် ပရဟိတ လုပ်ငန်းပေါင်းများစွာ ဦးစီးဦးဆောင် ဆောင်ရွက်ခြင်းစသည့် ဂုဏ်ပုဒ်ပေါင်းများဖြင့် ပြည်စုံသော အသင်းဖြစ်ခြင်းကြောင့် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment