PRO 1 Global Home Center မှ အေးသာယာတွင် အရောင်းစင်တာသစ် ဖွင့်လှစ်တော့မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 2, 2019

PRO 1 Global Home Center မှ အေးသာယာတွင် အရောင်းစင်တာသစ် ဖွင့်လှစ်တော့မည်


PRO 1 Global Home Center Myanmar ၏ အေးသာယာ (တောင်ကြီး) အရောင်းစင်တာကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် လာမည့် မတ်လ ၇ ရက်တွင် စတင်ဖွင့်လှစ်၍ ရောင်းချပေသွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်က မိဘပြည်သူတွေကို ကျွန်တော်တို့ PRO 1 Global Home Center ၏ (၇)ကြိမ်မြောက်အရောင်းစင်တာဖြစ်သည့်  အေးသာယာအရောင်းစင်တာသစ်ကြီး ဖွင့်လှစ်မည့် မတ်လ ၇ ရက်နေ့မှာ လာရောက်လေ့လာဝယ်ယူနိုင်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။ အေးသာယာအရောင်းစင်တာသစ်ကြီးတွင် အိမ်အမိုး မှ ကြမ်းပြင်အထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးပစ္စည်းတွေ၊  အိမ်နှင့်ပတ်သတ်သော အသုံးအဆောင်ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ဖြင့် အရေအသွေးကောင်းမွန်သော ပစ္စည်းတွေကို သင့်တင်မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာဖြစ်ပါတယ်။ဟု PRO 1 Global Home Center တာဝန်ရှိသူ တစ်ဦးမှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အေးသာယာမြို့၌ ဖွင့်လှစ်မည့် PRO 1 Global Home Center တွင် အိမ်သုံး အီလက်ထရွန်းနစ် ပစ္စည်းများ၊ အမိုးနှင့် မျက်နှာကျက် အလှဆင်ပစ္စည်းများ၊ ဘိလပ်မြေနှင့် သံချောင်းများ၊ မီးဖိုခန်းသုံး ပစ္စည်းများ၊ ရေချိုးခန်းသုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊  နံရံနှင့် အခင်း ကြွေပြားများ၊ လျှပ်စစ်မီးနှင့် ဆက်စပ်ပစ္စည်းများ၊ အိမ်သုတ်ဆေးများနှင့် ဓာတုပစ္စည်းများ ၊ တံခါးနှင့် ပြတင်းပေါက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ အိပ်ခန်း အသုံးအဆောင်နှင့် ပရိဘောဂပစ္စည်းများကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် PRO 1 Global Home Center သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်း အရောင်းစင်တာ ဖြစ်ကာ၊ ယခုဖွင့်လှစ်မည့် ၇ ဆိုင်မြောက် အရောင်းစင်တာဖြစ်သည့် အေးသာယာ အရောင်းစင်တာအား  အမှတ်(၆-၁၇)၊ ပြည်ထောင်စုလမ်း၊ အမှတ်(၅) ရပ်ကွက်၊ အေးသာယာမြို့၊ တောင်ကြီးမြို့နယ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment