ရှေးရှမ်းဘုရင် ပန်းချီပုံရေးဆွဲသူအား အာသံရှိ ရှမ်းတိုင်းရင်းသားများမှ ဖိတ်ခေါ် ဂုဏ်ပြု - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 14, 2019

ရှေးရှမ်းဘုရင် ပန်းချီပုံရေးဆွဲသူအား အာသံရှိ ရှမ်းတိုင်းရင်းသားများမှ ဖိတ်ခေါ် ဂုဏ်ပြု



မင်းဇော်မင်း
.
အိန္ဒိယနိုင်ငံရှိ ရှမ်းတိုင်းရင်းသား များနှင့် မြန်မာနိုင်ငံရှိ ရှမ်းတိုင်းရင်း သားများ ဆက်သွယ်ဆက်ဆံမှု ၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကို မတ်လ ၉ ရက်က အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ တူဘရောက်မြို့တွင် ပြုလုပ်ရာ အဆိုပါ အခမ်းအနားတွင် ရှေးရှမ်းဘုရင်ပုံတူ ပန်းချီရေးဆွဲခဲ့သူ မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသား ဦး စိုင်းအောင်မြတ်ဦးကို ဖိတ်ခေါ်ဂုဏ် ပြုခဲ့ကြောင်း သိရသည်။
.

.
အဆိုပါအခမ်းအနားတွင် အိန္ဒိ ယနိုင်ငံ၊ အာသံပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း၏ ဖိတ်ခေါ်ချက်အရ မြန်မာ နိုင်ငံ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအ သင်းဗဟိုမှ နာယက၊ ဥက္ကဌ၊ အဖွဲ့ဝင် များနှင့်အတူ ဦးစိုင်းအောင်မြတ်ဦး တို့ တက်ရောက်ခဲ့ကြောင်း ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဌ ဦးစိုင်းမောင်တင်ထံက သိရှိရသည်။
.
''အာသံရှမ်းလူမျိုးတွေနဲ့ မြန် မာရှမ်းလူမျိုးတွေ ဆွေမျိုးအချင်း ချင်းဆက်ဆံရေး ၆ နှစ်မြောက် အ ထိမ်းအမှတ်အနေနဲ့ အာသံရှမ်းစာ ယဉ်အသင်းက ဖိတ်ခေါ်လို့ပါ။ အဓိ ကတော့ ရှမ်းစာပေညီလာခံလုပ်ဖို့ နဲ့ ရှမ်းရှေးဘုရင်ကြီးဖြစ်တဲ့ ဆေကမ် ဖပုံတူပန်းချီရေးဆွဲခဲ့တဲ့ ဦးစိုင်း အောင်မြတ်ဦးကို ဂုဏ်ပြုဖို့ဖိတ်ခေါ် တာဖြစ်ပါတယ်''ဟု ရှမ်းစာပေယဉ် ကျေးမှုအသင်း (ဗဟို) ဥက္ကဌ ဦးစိုင်း မောင်တင်ကပြောသည်။
.
အဆိုပါ အခမ်းအနားသို့ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်း (ရန် ကုန်)၏ နာယကဖြစ်သူ ဒေါက်တာ စိုင်းဆမ်အိုက်နှင့် ဗဟိုအသင်းဘဏ္ဍာ ရေးမှူး၊ တောင်ကြီးမြို့၊ ဝုန်းဝမ်းရှမ်း ပုံနှိပ်တိုက်မှ ဦးစိုင်းချစ်တင်၊ ပန်းချီ ဆရာ ဦးစိုင်းအောင်မြတ်ဦးတို့ ၄ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
.
''အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ပေါင်း ၇ဝဝ ကျော်၊ သက္ကရာဇ် ၁၂ဝဝ ကျော်ကတည်းက ရှမ်း ရှင်ဘုရင် တစ်ပါးဖြစ်တဲ့ ဆေကမ်ဖဟာ အာ ဟုန်ပြည်နယ်ကို အုပ်ချုပ်ခဲ့တဲ့ သ မိုင်းကြောင်းကို ပုံနဲ့ဖော်ပြဖို့ ပန်း ချီဆွဲပေးပို့ခဲ့တာ ပေးပို့သူအများကြီး ထဲက ကျွန်တော် ဆွဲတဲ့ပုံကို အခု အာသံပြည်နယ်က ဆွေမျိုးရှမ်းတွေ က အမြတ်တနိုးအိမ်တွေမှာ ချိတ် ဆွဲကြတယ်လို့ သိရတယ်။ အဲဒီအ တိုင်း ကြေးရုပ်တုတွေလည်းထုလုပ် ကြတယ်လို့ သိရတယ်။ အဲဒါကို ဂုဏ် ပြုဖို့ ဖိတ်ကြားခံရတာပါ''ဟု ပန်းချီ ဆရာ ဦးစိုင်းအောင်မြတ်ဦးကပြော သည်။
.
ဦးစိုင်းအောင်မြတ်ဦး ခေါ် ဦး စိုင်းစိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့် တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်တွင် နေထိုင်ခဲ့သူ ရှမ်းတိုင်း ရင်းသားတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ မ မျှော်လင့်ဘဲ ဂုဏ်ပြုခံရမှုကို အတိုင်း မသိ ဝမ်းသာပါကြောင်းနှင့် ရှမ်း လူမျိုးသမိုင်းအပြင် အိန္ဒိယနိုင်ငံ သမိုင်းမှတ်တိုင်တစ်ခု၏ စာမျက်နှာ ပေါ်တွင် ပြန်လည်ဖော်ထုတ်မှတ်တမ်း တင်ခံရမှုကို အလွန်ပင်ဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊ ယခုလိုဂုဏ်ပြုခံ ရစေရန် ပံ့ပိုးပေးသူများအားလုံး ကိုလည်း ကျေးဇူးတင်ကြောင်း ¤င်း မှ ဆက်လက်ပြောကြားခဲ့သည်။
.
ရှေးအာဟုန်ပြည်နယ်၊ ယခု အာသံပြည်နယ်၏ သမိုင်းတွင် ရှမ်း ဘုရင်အုပ်စိုးမှုကို ရေးသားဖော်ပြ ထားပြီး အာဟုန်ရှမ်းများအနေဖြင့် လူမျိုးနှင့် စာပေကို နှစ်ပေါင်းများ စွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည် ကို အထူးအသိ အမှတ်ပြုရမည်ဖြစ် ကြောင်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သူများကဆိုသည်။
.

No comments:

Post a Comment